Thursday, May 14, 2020

ပြန်လည်ကျန်းမာလာသောလူနာများ၏သွေးကိုအသုံးပြု၍ COVID - 19 ရောဂါကုသမှု ဆိုင်ရာစမ်းသပ်မှုကို ဇူလှိုင်လတွင်စတင်နိုင်မည်ဖြစ်ကြောင်း Takeda ဆေးကုမ္ပဏီမှပြောကြား

Image may contain: sky and outdoor, text that says 'Takeda'

Takeda ဆေးဝါးထုတ်လုပ်ဖြန့်ချီရေးကုမ္ပဏီမှ ပြန်လည်ကောင်းမွန်လာသော လူနာများ၏သွေးများမှတဆင့် ပဠိဇီဝဆေးများကိုအခြေခံ၍ COVID-19 အတွက် အလားအလာရှိသောကုသမှုတစ်ခုကို ဇူလှိုင်လအစောပိုင်းတွင် လက်တွေ့စမ်းသပ်မှုကို စတင်နိုင်မည်ဖြစ်ကြောင်း မေလ ၁၄ ရက်နေ့တွင် ကုမ္ပဏီ၏အမှုဆောင်အရာရှိမှ ပြောကြားခဲ့ပါသည်။

လက်တွေ့စမ်းသပ်မှုကို ပြီးမြောက်ရန်အတွက် လပေါင်းများစွာအချိန်ယူရမည်ဖြစ်ပြီး လူနာပေါင်းများစွာပါဝင်မည်ဖြစ်ပါသည်။ အကယ်၍စမ်းသပ်မှုအောင်မြင်ခဲ့လျှင် ဂျပန် နိုင်ငံ Takeda မှ ယခုနှစ်တွင် အမေရိကန်အာဏာပိုင်များအနေဖြင့် အတည်ပြုထောက်ခံ နိုင်ရန်တင်သွင်းသွားမည်ဖြစ်ကြောင်း Takeda ၏ plasma-derived ရောဂါကုထုံးဌာန ၏ဉက္ကဌ Julie Kim မှပြောကြားခဲ့ပါသည်။
အဆိုပါဆေးအား စမ်းသပ်မှုများဆက်လက်ပြုလုပ်နေပြီး လက်တွေ့တွင်အသုံးပြု နိုင်မည့်အပေါ် တိကျသေချာရန်လိုသေးကြောင်း KIM မှ ရင်းနှီးမြှပ်နှံသူကို ပြောခဲ့ပါသည်။ သို့ရာတွင် မိမိတို့အနေဖြင့် ယခုနှစ်ကုန်ပိုင်းလောက်တွင် ပြုလုပ်နိုင် မည်ဟုမျှော်လင့်ကြောင်းနှင့် မိမိတို့အနေဖြင့် အဖွဲ့အတွင်းတွင် အချက်အလက်များကို ရှာဖွေသွားသင့်ကြောင်း ၎င်းမှပြောကြားခဲ့ပါသည်။
လွန်ခဲ့သောနှစ်နှစ်ကုန်ပိုင်းလောက်တွင်တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ တစ်ဝန်းသို့ပျံ့နှံ့လာခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကို ပြန်လည်ကျန်းမာလာသောသူများ၏ သွေးဖြင့်တိုက်ဖျက်ခြင်းနည်းမှာ ကောင်းစွာစမ်းသပ်မှုမပြုလုပ်ခဲ့ရသေးသည့် ရှေိးဟောင်း နည်းဗျူဟာတစ်ခုဖြစ်ပါသည်။အချို့သောဆေးရုံများတွင် ပြန်လည်ကျန်းမာလာသောသူ များ၏ သွေးရည်ကြည်များကိုစုဆောင်းထားပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားသောဖျားနာလူနာ များထဲသို့ ထိုးသွင်းကုသပေးနေသော်လည်း ၎င်း၏ထိရောက်မှုကို လေ့လာနေဆဲဖြစ်ပါ သည်။
ကိုရိုနာဗိုင်းရပ်စ်သည်ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၃.၄ သန်းကူးစက်ခံခဲ့ရပြီး ၃၀၀,၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားပါသည်။
Image may contain: text
Source ; Channelnewsasia
Takeda says COVID-19 treatment trial using recovered patients' blood could start in July

0 comments:

Post a Comment