Wednesday, May 13, 2020

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ COVID-19 Medical Center(ဖောင်ကြီး)သို့သွားရောက်၍ ဆေးရုံးသုံးပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ နှင့် တာဝန်ရှိသူများသည် လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) COVID-19 Medical Center(ဖောင်ကြီး)သို့သွားရောက်၍တပ်မတော် ကြည်း /ရေ / လေ စစ်သည် မိသားစုမှ လှူဒါန်းသည့် ခွဲစိတ်ခန်းသုံး ဝတ်စုံများ၊ ဆေးပစ္စည်းတင်စင်၊ စက်ဘီး၊ ရေခဲသေတ္တာများအား လည်းကောင်း၊ အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက်တိုင်းစစ်ဌာနချုပ်မှ ရွှေဖီဦးလက်ဖက်ရည်ထုပ်များ၊ နန်းမြိုင်ကော်ဖီမစ်ထုပ်များ၊ ဖီးကြမ်းဌက်ပျောသီးများ၊ ဒိန်ချဥ်ဘူးများ အား ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင် မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Image may contain: one or more people, people sitting, food and indoor
Image may contain: indoor
Image may contain: food
No photo description available.
Image may contain: 2 people, people sitting


Crd : မှန်နန်းဆောင် #Myanmar_Online_News

0 comments:

Post a Comment