Friday, May 15, 2020

သီရိမင်္ဂလာတောင်စျေးနေ့နှင့် နောင်ယားစျေးနေ့တွင် COVID -19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

Image may contain: 1 person, walking, crowd and outdoor

ကယားပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်အတွက် လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာ တောင်စျေးနေ့နှင့် နောင်ယားစျေးနေ့တွင် မေလ (၁၆) ရက်နေ့ ၊နံနက် (၆း၀၀) နာရီအချိန်က COVID -19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိပါတယ်။

ထိုသို့ဆောင်ရွက်ရာတွင်ပြည်သူများ Mask စနစ်တကျတပ်ဆင်ပြီးမှသာ မိမိအိမ်အတွင်းမှ အပြင်သွားလာစေရေးအသိပညာပေးခြင်းကာလကို မေလ (၁၄)ရက်နေ့မှ (၁၅) ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ထားပြီဖြစ်ပြီး မေလ (၁၆)ရက်နေ့မှစ၍ Mask များ စနစ်တကျ တပ်ဆင်ထားခြင်းမရှိသူများအနေဖြင့်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မဖြစ်မနေ Mask တပ်ဆင်ရေး ဟူသော ကျန်းမာရေးဆိုင် ရာ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယနေ့ နှာခေါင်းစည်း Mask နှင့်လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို လွိုင်ကော်မြို့နယ် စည်ပင် သာယာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များဖြစ်သော ဖြူစင်သန့်ရှင်း (သန့်ရှင်းရေး လုပ်အားဒါနကုသိုလ်ပြုအဖွဲ့) ဆည်မြောင်း၊ အလင်းသစ်အဖွဲ့(နောင်ယား)၊ ဖေးကူလက်များ(ကယား)၊ ၀စ်စကုဋီအသင်း၊ ကန္ဒရ၀တီလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ Mask များ အခမဲ့့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရှိရပါတယ်။
Image may contain: one or more people and outdoor
Image may contain: one or more people, people standing and outdoor
Ref ; MRTV

0 comments:

Post a Comment