Saturday, May 9, 2020

COVID-19 ကာလအတွင်း ငွေကြေးအဆင်မပြေလို့ ဆက်သွယ်လာသူတိုင်းကို ငွေကျပ် ၁ သောင်းပို့ပေးမယ့်သရုပ်ဆောင်ဇဏ်ခီရဲ့ FCPN အစီအစဉ်စတင်မည်

Image may contain: 1 person

COVID-19 ကပ်ဘေးကြောင့် လတ်တလောအခြေအနေမှာ အလုပ်လက်မဲ့နှုန်းတွေ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့်အစီအစဉ်ကို သရုပ်ဆောင် ဇဏ်ခီကလုပ်ဆောင်နေကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မေလ၈ ရက်နေ့ညကလိုပ်ဖ်လွှင့်ပြီးပြောပြထားပါတယ်။
ခုလို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးသွားမယ့်အဖွဲ့အမည်ကိုတော့ Free Cash Program for the Needy(FCPN)လို့ အမည်ပေးထားတာဖြစ်ပြီး ဇနီးဖြစ်သူဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ်သိန်း ၅၀ စတင်မတည်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ဒီအစီအစဉ်ရဲ့ အဓိကလုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုတော့ ကျနော်တို့ COVID-19 Lockdown ကာလတွေမှာ ငွေရေးကြေးရေး အရမ်းကို အခက်အခဲဖြစ်နေတဲ့သူတွေ အသက်ရှူကျပ်ပြီးတော့ လုံးဝကို ငွေပြတ်တောက်လုနီးပါး ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ်လည်း ငွေပြတ်တောက်နေတဲ့သူတွေအတွက် ကူညီပေးမယ့်အစီအစဉ်ပါ။ သူတို့က ကျနော်တို့ဆီကို ဆက်သွယ်လာရင် ဆက်သွယ်လာသူတိုင်းကို ကျနော်တို့က ငွေ ၁ သောင်း ပို့ပေးမယ်ပေါ့။ အဲဒီလိုမျိုး စီစဉ်ထားပါတယ်”လို့ လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့်ပြီးရှင်းပြခဲ့တာပါ။
အစတုန်းကတော့ ငွေကျပ်သိန်း ၅၀ ကို လူအယောက်၅၀၀ ကို ပို့ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒီငွေကုန်သွားရင်ရပ်သွားမှာမျိုးကို မလိုလားတဲ့အတွက်ကြောင့်မို့လို့ ဒီသိန်း ၅၀ ကို မတည်ကာ အလှူရှင်တွေကို ဖိတ်ခေါ်ပြီးDonor Based အနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
လိုက်ဖ်လွှင့်ပြီးချိန်မှာတော့ အလှူရှင်တွေ ထွက်ပေါ်လာခဲ့ပြီး ည ၇ နာရီတိတိ အချိန်ထိ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ကျော် ရရှိခဲ့ကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ သိရပါတယ်။
FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတဆင့် ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့ ဆက်သွယ်လှူဒါန်းနိုင်မှာဖြစ်ပြီး လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ လှူဒါန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။
No photo description available.
Image may contain: text that says 'FREE CASH PROGRAM FOR THE NEEDY "အသေးဆုံးသော လက်တွေ့ကြင်နာခြင်းသည် အကြီးကျယ်ဆုံးသော မြင့်မြတ်၏ အော်စကာဝိုင်း(လ်)'
Source- Zenn Kyi Fb

0 comments:

Post a Comment