Friday, May 15, 2020

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာ COVID-19 ရောဂါပိုးဝင်ရောက်ခဲ့ဖူးသည့် အခြေအနေမတွေ့ရှိ

Image may contain: 1 person, sitting
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား COVID-19 ရောဂါနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်မှစ၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုသို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာတွင် ယနေ့အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ၈၆ ရာခိုင်နှုန်းကျော်အား ပဏာမစစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် တစ်လအတွင်း ခရီးသွားရာဇဝင်ရှိခဲ့သူများကို သွေးဖောက်နမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ခန္ဓာကိုယ်အတွင်းသို့ COVID-19 ရောဂါပိုးဝင်ရောက်ခဲ့ဖူးသည့် အခြေအနေမတွေ့ရှိ (မတွေ့ရှိ) ရကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment