Sunday, May 17, 2020

ထိုင်းနိုင်ငံတွင် Coronavirus ရောဂါ ထပ်မံကူးစက်ခံရသူ ၃ ဦး ရှိပြီး ထပ်မံ သေဆုံးမှု မရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာ

Image may contain: one or more people and outdoor

ထိုင်းနိုင်ငံတွင် ဒေသတွင်း ကန့်သတ်ချက်များ လျှော့ချခဲ့ပြီးနောက် ကုန်တိုက်များနှင့် စတိုးဆိုင်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် Coronavirus ရောဂါ ထပ်မံ ကူးစက် ခံရသူ ၃ ဦး ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၀၂၈ ဦး ရှိပါသည်။

ထပ်မံ ကူးစက်ခံရသူ ၃ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ပါကစ္စတန်မှ ကျောင်းသားတစ်ဦးနှင့် အီဂျစ်မှ ကျောင်းသား ၂ ဦး တို့ဖြစ်ပြီး ၎င်းတို့သည် ပြည်နယ် အတွင်း quarantine ပြုလုပ်ခံထားရသူများဖြစ်ကြောင်း အစိုးရ၏ COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ Taweesin Wisanuyothin မှ မေလ ၁၇ ရက် နေ့က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၆ ဦး ရှိပြီး လူနာ ၁၁၆ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ လူနာ ၂,၈၅၆ ဦး ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
crd-Reuters #Myanmar_Online_News

>>zawgyi<<
ထိုင်းနိုင်ငံတွင် Coronavirus ရောဂါ ထပ်မံကူးစက်ခံရသူ ၃ ဦး ရှိပြီး ထပ်မံ သေဆုံးမှု မရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာ
Sunday, May 17, 2020

ထိုင်းနိုင်ငံတွင် ဒေသတွင်း ကန့်သတ်ချက်များ လျှော့ချခဲ့ပြီးနောက် ကုန်တိုက် များနှင့် စတိုးဆိုင်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် Coronavirus ရောဂါ ထပ်မံ ကူးစက် ခံရသူ ၃ ဦး ရှိပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၀၂၈ ဦး ရှိပါသည်။
ထပ်မံ ကူးစက်ခံရသူ ၃ ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် ပါကစ္စတန်မှ ကျောင်းသားတစ်ဦးနှင့် အီဂျစ်မှ ကျောင်းသား ၂ ဦး တို့ဖြစ်ပြီး ၎င်းတို့သည် ပြည်နယ် အတွင်း quarantine ပြုလုပ်ခံထားရသူများဖြစ်ကြောင်း အစိုးရ၏ COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ Taweesin Wisanuyothin မှ မေလ ၁၇ ရက် နေ့က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၆ ဦး ရှိပြီး လူနာ ၁၁၆ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ လူနာ ၂,၈၅၆ ဦး ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
crd-Reuters #Myanmar_Online_News

0 comments:

Post a Comment