Friday, May 15, 2020

ကုလသမဂ္ဂ၏ Coronavirus ဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပိုမိုများပြားလာသည့်အတွက် အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိ


Image may contain: outdoor, text that says 'World Organization Health'
မေလ ၁၄ ရက်နေ့တွင် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကြောင့် အမေရိကန်နိုင်ငံနှင့်တရုတ် နိုင်ငံကြား အကျပ်အတည်းဖြစ်ပေါ်နေမှုကို ကျော်လွှားနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်
အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မတ်လ ၂၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ပြောကြားခဲ့ သည့် အကြောင်းအရာအား သဘောတူလက်ခံရန် ကြိုးပမ်းလျက်ရှိပါသည်။ Antonio Guterres မှ ကမ္ဘာတစ်ဝန်းအနေဖြင့် Coronavirus ရောဂါ ကူးစက်မှုအပေါ် အာရုံ စိုက်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင် အပစ်အခတ်ရပ်စဲရေး ရယူရန် ပြောကြားခဲ့ပါသည်။

သို့သော် ပြင်သစ်နိုင်ငံနှင့်တူနီးရှားနိုင်ငံတို့မှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်း နှင့်ဆက်စပ်သည့် ဆွေးနွေးမှုများသည် WHO အား ထောက်ပံ့ကူညီမှုရှိ/မရှိနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံကြား အကျပ်အတည်း ဖြစ်ပေါ်နေမှုကြောင့် အဟန့်အတား ဖြစ်ခဲ့ရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား ထည့်သွင်း ရန် အတင်းအကျပ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ၎င်းအား ရည်ညွှန်းလိုခြင်းမရှိပါ။

ထို့ကြောင့် မေလ ၁၂ ရက်နေ့တွင် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် မူကြမ်း အသစ်တစ်ခုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ပဋိပက္ခများတွင် ရက်ပေါင်း ၉၀ ကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေးရယူရန် တောင်းဆို လျက်ရှိပြီး Antonio Guterres အား ထောက်ခံအားပေးရန် အဓိကထားဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါမူကြမ်းသည် WHO အား ရည်ညွှန်းခြင်းမရှိပါ။

မေလ ၁၄ ရက်နေ့က Chepel Hill မြို့ရှိ North Carolina တက္ကသိုလ်မှ နိုင်ငံရေးအဖွဲ့အစည်းနှင့် အွန်လိုင်းပြောဆိုမှုတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Kelly Craft မှ “ မိမိတို့အားလုံး မြင်ချင်တာကတော့ အပစ်အခတ်ရပ်စဲရေး ရယူတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ဒီဆုံးဖြတ်ချက်ကို ဘယ်နိုင်ငံက ချမှတ်ပေးတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာကတော့ အဲ့ဒီမှာ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ပြောဆိုထားပြီး အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူ အညီတွေ ရောက်ရှိအောင် လုပ်ဖို့ဆိုတာက အရေးကြီးပါတယ်” ဟု Kelly Craft မှ ပြောကြားခဲ့ပါသည်။ သူမသည် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံ၏ မူကြမ်းကို ထောက်ခံ လျက်ရှိပါသည်။

သို့သော် အမည်မဖော်လိုသူ တရုတ်သံအမတ် တစ်ဦးမှ ပြင်သစ်နှင့် တူနီးရှား နိုင်ငံတို့၏ ဆုံးဖြတ်ချက်မူကြမ်းသည် အဖွဲ့ဝင်များ၏ ထောက်ခံမှုများကို ရရှိထားဆဲ ဖြစ်ပြီး ၎င်းသည် ရှေ့ဆက်မည့် နည်းလမ်းကောင်းများကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့ပါသည်။

Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏ မူကြမ်းအား လက်ခံရန် ဖြစ်နိုင်ခြေမရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ WHO သည် Coronaviurs ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သတင်းအမှားများကို အားပေးခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် WHO သို့ ငွေကြေး ထောက်ပံ့နေမှုကို ရပ်တန့်ခဲ့ပါသည်။ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် စွပ်စွဲမှုများ အား WHO မှ ငြင်းဆိုလျက်ရှိပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် လုံခြုံရေးကောင်စီသည် ပြင်သစ်နှင့်တူနီးရှား နိုင်ငံတို့၏ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ အပေးအယူပြုလုပ်ခဲ့ပါသည်။ အဆိုပါ မူကြမ်းတွင် WHO အမည်ပေးမည့်အစား အထူးပြုကျန်းမာရေး အေဂျင်စီများကို ရည်ညွှန်းခဲ့ပါသည်။ WHO သည် ထိုကဲ့သို့သော အေဂျင်စီတစ်ခုဖြစ်ပါသည်။

သို့သော် အမေရိကန်နိုင်ငံသည် ၎င်းအသုံးအနှုန်းကို ငြင်းပယ်ခဲ့ကြောင်း သံအမတ်များမှ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အပေးအယူပြုလုပ်မှုအား သဘောတူလက်ခံကြောင်း တရုတ်သံအမတ်မှ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ရှိသည့် လုံခြုံရေး ကောင်စီသည် Coronavirus ရောဂါနှင့်ပတ်သက်၍ အများအပြားမလုပ်ဆောင်နိုင် သော်လည်း ၎င်းသည် Antonio Guterres ၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို ထောက်ခံခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်ရေးစီမံကိန်းကို ဖော်ဆောင်နိုင် ကြောင်း သံအမတ်များနှင့် လေ့လာသုံးသပ်သူများမှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News

>>zawgyi<<

ကုလသမဂ္ဂ၏ Coronavirus ဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပိုမိုများပြားလာသည့် အတွက် အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် အကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိ
Friday, May 15, 2020

မေလ ၁၄ ရက်နေ့တွင် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကြောင့် အမေရိကန်နိုင်ငံနှင့်တရုတ် နိုင်ငံကြား အကျပ်အတည်းဖြစ်ပေါ်နေမှုကို ကျော်လွှားနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်

အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မတ်လ ၂၃ ရက် နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ပြောကြားခဲ့ သည့် အကြောင်းအရာအား သဘောတူလက်ခံရန် ကြိုးပမ်းလျက်ရှိပါသည်။ Antonio Guterres မှ ကမ္ဘာတစ်ဝန်းအနေဖြင့် Coronavirus ရောဂါ ကူးစက်မှုအပေါ် အာရုံ စိုက်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင် အပစ်အခတ်ရပ်စဲရေး ရယူရန် ပြောကြားခဲ့ပါသည်။

သို့သော် ပြင်သစ်နိုင်ငံနှင့်တူနီးရှားနိုင်ငံတို့မှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်း နှင့်ဆက်စပ်သည့် ဆွေးနွေးမှုများသည် WHO အား ထောက်ပံ့ကူညီမှုရှိ/မရှိနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံကြား အကျပ်အတည်း ဖြစ်ပေါ်နေမှုကြောင့် အဟန့်အတား ဖြစ်ခဲ့ရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား ထည့်သွင်း ရန် အတင်းအကျပ် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ၎င်းအား ရည်ညွှန်းလိုခြင်းမရှိပါ။

ထို့ကြောင့် မေလ ၁၂ ရက်နေ့တွင် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် မူကြမ်း အသစ်တစ်ခုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ပဋိပက္ခများတွင် ရက်ပေါင်း ၉၀ ကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေးရယူရန် တောင်းဆို လျက်ရှိပြီး Antonio Guterres အား ထောက်ခံအားပေးရန် အဓိကထားဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါမူကြမ်းသည် WHO အား ရည်ညွှန်းခြင်းမရှိပါ။

မေလ ၁၄ ရက်နေ့က Chepel Hill မြို့ရှိ North Carolina တက္ကသိုလ်မှ နိုင်ငံရေးအဖွဲ့အစည်းနှင့် အွန်လိုင်းပြောဆိုမှုတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Kelly Craft မှ “ မိမိတို့အားလုံး မြင်ချင်တာကတော့ အပစ်အခတ်ရပ်စဲရေး ရယူတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“ဒီဆုံးဖြတ်ချက်ကို ဘယ်နိုင်ငံက ချမှတ်ပေးတယ်ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာကတော့ အဲ့ဒီမှာ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ပြောဆိုထားပြီး အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူ အညီတွေ ရောက်ရှိအောင် လုပ်ဖို့ဆိုတာက အရေးကြီးပါတယ်” ဟု Kelly Craft မှ ပြောကြားခဲ့ပါသည်။ သူမသည် Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံ၏ မူကြမ်းကို ထောက်ခံ လျက်ရှိပါသည်။

သို့သော် အမည်မဖော်လိုသူ တရုတ်သံအမတ် တစ်ဦးမှ ပြင်သစ်နှင့် တူနီးရှား နိုင်ငံတို့၏ ဆုံးဖြတ်ချက်မူကြမ်းသည် အဖွဲ့ဝင်များ၏ ထောက်ခံမှုများကို ရရှိထားဆဲ ဖြစ်ပြီး ၎င်းသည် ရှေ့ဆက်မည့် နည်းလမ်းကောင်းများကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့ပါသည်။

Estonia နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏ မူကြမ်းအား လက်ခံရန် ဖြစ်နိုင်ခြေမရှိကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ WHO သည် Coronaviurs ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သတင်းအမှားများကို အားပေးခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် WHO သို့ ငွေကြေး ထောက်ပံ့နေမှုကို ရပ်တန့်ခဲ့ပါသည်။ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် စွပ်စွဲမှုများ အား WHO မှ ငြင်းဆိုလျက်ရှိပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် လုံခြုံရေးကောင်စီသည် ပြင်သစ်နှင့်တူနီးရှား နိုင်ငံတို့၏ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ အပေးအယူပြုလုပ်ခဲ့ပါသည်။ အဆိုပါ မူကြမ်းတွင် WHO အမည်ပေးမည့်အစား အထူးပြုကျန်းမာရေး အေဂျင်စီများကို ရည်ညွှန်းခဲ့ပါသည်။ WHO သည် ထိုကဲ့သို့သော အေဂျင်စီတစ်ခုဖြစ်ပါသည်။

သို့သော် အမေရိကန်နိုင်ငံသည် ၎င်းအသုံးအနှုန်းကို ငြင်းပယ်ခဲ့ကြောင်း သံအမတ်များမှ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အပေးအယူပြုလုပ်မှုအား သဘောတူလက်ခံကြောင်း တရုတ်သံအမတ်မှ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ရှိသည့် လုံခြုံရေး ကောင်စီသည် Coronavirus ရောဂါနှင့်ပတ်သက်၍ အများအပြားမလုပ်ဆောင်နိုင် သော်လည်း ၎င်းသည် Antonio Guterres ၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို ထောက်ခံခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်ရေးစီမံကိန်းကို ဖော်ဆောင်နိုင် ကြောင်း သံအမတ်များနှင့် လေ့လာသုံးသပ်သူများမှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment