Saturday, May 9, 2020

Coronavirusကူးစက်မှုနှုန်းမြင့်မားနေသော ဗြိတိန်နိုင်ငံတွင် နိုင်ငံတကာမှ ဝင်ရောက်လာသူများအား ၂ ပတ်ကြာ quarantine ပြုလုပ်သွားမည်


ဗြိတိန်နိုင်ငံတွင် Coronavirus ရောဂါနှင့်ပတ်သက်၍ lockdown ပြုလုပ်ထားမှု များအား လျှော့ချရန် အစိုးရအပေါ် ဖိအားပေးမှုများရှိနေသော်လည်း နိုင်ငံတကာမှ ဝင်ရောက်လာသူများအား ၂ ပတ်ကြာ မဖြစ်မနေ quarantine ပြုလုပ်သွားရန် စီစဉ် လျက်ရှိကြောင်း မေလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမေရိကန်နိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် Coronavirus ရောဂါ ကူးစက်ခံရမှု ကြောင့် သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည့် ဗြိတိန်နိုင်ငံသည် မတ်လနှောင်းပိုင်းတွင် ပြည်သူများအား နေအိမ်၌သာနေထိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင် မည့် အစီအစဉ်များအား သတိထားဆောင်ရွက်လျက်ရှိပါသည်။
အိမ်နီးချင်းအိုင်ယာလန်နိုင်ငံမှ ဝင်ရောက်လာသူများအပြင် ဗြိတိန်နိုင်ငံသို့ လေယာဉ်၊ သင်္ဘော၊ ရထားဖြင့် ဝင်ရောက်လာသူများအားလုံးကို ရက်သတ္တပတ် ၂ ပတ် ကြာ သီးသန့်ထားရှိရန် လိုအပ်ကြောင်း The Times သတင်းစာမှ ဖော်ပြခဲ့ပါသည်။
အဆိုပါစည်းမျဉ်းသစ်သည် ဒဏ်ကြေးငွေ ပေါင် ၁,၀၀၀ ( အမေရိကန်ဒေါ်လာ ၁,၂၀၀ ၊ ယူရို ၁,၁၀၀) အထိ သို့မဟုတ် နိုင်ငံမှနှင်ထုတ်ခြင်း စသောဖြစ်နိုင်ခြေရှိသည့် ပြစ်ဒဏ်များ အပါအဝင် ခရီးသွားဧည့်သည်များပေးထားသည့် လိပ်စာများအား ရှောင်တခင်စစ်ဆေးခြင်းပြုနိုင်ရန် ပြဋ္ဌာန်းထားကြောင်း The Times သတင်းစာမှ ဖော်ပြခဲ့ပါသည်။
စီမံဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝန်ကြီးချုပ် Boris Johson မှ မေလ ၉ ရက် နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း The Times သတင်းစာမှ ပြောကြားခဲ့ ပါသည်။
ရက်သတ္တပတ် ၂ ပတ်ကြာ quarantine ကန့်သတ်မှုအား မေလကုန်တွင် ပြုလုပ် မည်ဖြစ်ကြောင်း အစိုးရသတင်းအရင်းအမြစ်များနှင့် ဗြိတိန်လေကြောင်းလုပ်ငန်းအဖွဲ့၏ ပြောကြားချက်များကို ကိုးကား၍ BBC သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
ယခုရက်သတ္တပတ်နှောင်းပိုင်းက Johnson ၏ ရုပ်မြင်သံကြားမိန့်ခွန်းမတိုင်မီ တစ်နိုင်ငံလုံးအနှံ့ Coronavirus lockdown ပြုလုပ်ထားမှုနှင့်ပတ်သက်၍ မည်သည့် အပြောင်းအလဲကိုမှ မျှော်လင့်မထားရန် အစိုးရမှ သတိပေးပြောကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံတွင် Coronavirus ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၃၁,၀၀၀ ကျော် ရှိနေပါသည်။
Image may contain: one or more people and people standing, text that says 'Arrivals'
Image may contain: indoor
Image may contain: one or more people, people standing and people walking
Image may contain: one or more people and people standing
Source : Channel News Asia
“Britain to introduce two-week quarantine for arrivals: Reports”

0 comments:

Post a Comment