Saturday, May 9, 2020

လက်ဆွဲနှုတ်ဆက်ခြင်းများအား လေ့လာခြင်း( Body of Language )


လက်ဆွဲနှုတ်ဆက်ခြင်းကို ရှေးခေတ်ကာလကပင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး သမိုင်းမတင်မီခေတ်က တစ်ဦးကိုတစ်ဦး လက်ဆွဲနှုတ်ဆက်ကာ အန္တရာယ်ပြုနိုင်သည့် လက်နက်များ ပါရှိခြင်း မကြောင်းကို အသိပေးသည့် သဘော ဖြစ်ပါတယ်။
ရောမခေတ်က အင်္ကျီလက်ကောက်ဝတ်မှာ ဓါးတိုလေးများ ယူဆောင်ကြလေ့ရှိသည့်အတွက် တစ်ဦးကိုတစ်ဦး ဆန်းစစ်သည့်အနေဖြင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်နှုတ်ဆက်ကြပါတယ်။ ၁၉ ရာစုမှာတော့ အနောက်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ လက်ဆွဲနှုတ်ဆက်ခြင်း အလေ့အထမှာ တွင်ကျယ်လာပါတယ်။
အမျိုးသား၊ အမျိုးသမီး၊ ကြိုဆိုခြင်း၊ နှုတ်ဆက်ခြင်း၊ စီးပွားရေးကိစ္စရပ်၊ သဘောတူညီချက်ရယူခြင်း အစရှိသည့် ကိစ္စရပ်အသီးသီးနဲ့ ပုဂ္ဂိုလ် အသီးသီးက ကျင့်သုံးကြပါတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းက ကြိုဆိုခြင်း၊ ယုံကြည်ခြင်းကို ပြသပါတယ်။ ဒါပေမယ့်လည်း လက်ဆွဲနှုတ်ဆက်ခြင်းမှာ အဓိပ္ပါယ် အများကြီးပါပါတယ်။
လက်ဆွဲနှုတ်ဆက်တဲ့နေရာမှာ လွှမ်းမိုးခြင်း အပြုအမူ၊ လွှမ်းမိုးခံအပြုအမူနဲ့ သာတူညီ အပြုအမူ စသည်ဖြင့် နှုတ်ဆက်ကြတာတွေ့ရပါတယ်။
လွှမ်းမိုးတဲ့ အပြုအမူရှိသူတွေဟာ တစ်ဖက်လူရဲ့ လက်အပေါ်ကနေ မိုးပြီး လက်ကို အောက်ဖက်ကို ညွှန်ကာ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ လွှမ်းမိုးခံ အပြုအမူရှိသူတွေကတော့ လက်ဖမိုးကို အပေါ်ဘက်ညွှန်၍ တစ်ဖက်လူနဲ့ လက်ဆွဲနှုတ်ဆက်ကြပါတယ်။

သာတူညီတဲ့အပြုအမူမှာတော့ လက်ဖဝါးနှစ်ဖက်ဟာ တစ်တန်းတည်းရှိနေပြီး ညီတူညာတူ နှုတ်ဆက်ကြပါတယ်။ အောက်ပါနည်းတွေကတော့ လက်ဆွဲနှုတ်ဆက်တဲ့နည်းတွေထဲမှာ ထင်ရှားတဲ့ နည်းတွေဖြစ်ပါတယ်။
The Step-to-the-Right Technique
မိမိအား အပေါ်စီးမှ လွှမ်းမိုးနှုတ်ဆက်ဖို့ ကြိုးစားလာသူတစ်ယောက်ကို မိမိမှ ပြန်လည် ချေပဖို့ရာ သုံးပါတယ်။ ပထမဆုံး မိမိကို လွှမ်းမိုးနှုတ်ဆက်လာသူကို ပြန်လည်နှုတ်ဆက်ရာမှာ လက်ကမ်းပေးသည်နှင့် တစ်ပြိုင်နက် ဘယ်ဖက်ခြေထောက် တစ်လှမ်းတိုးကာ နှုတ်ဆက်ပါတယ်။ လက်ဆွဲနှုတ်ဆက်ချိန်မှာ ညာဖက်ခြေထောက် တစ်လှမ်းထပ်တိုးကာ လွှမ်းမိုးနှုတ်ဆက်သူရဲ့ လက်အနေအထားကို ပြောင်းလိုက်ခြင်းဖြင့် မိမိရဲ့ အင်အားကို ပြသကာ လွှမ်းမိုးမှုကို ချေပခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်တဲ့နေရာမှာ အတော်သတိထားကြပါတယ်။ သူတို့ လက်ဆွဲနှုတ်ဆက်ပုံကနေတစ်ဆင့် အဓိပ္ပါယ်ဖော်နေကြသူများစွာရှိပါတယ်။ မီဒီယာတွေက မှတ်တမ်းဓာတ်ပုံရိုက်ကူးကျတဲ့နေရာမှာ နိုင်ငံခေါင်းဆောင်တွေက မီဒီယာတွေရဲ့ ဘယ်ဘက်မှာနေပြီး သူတို့က အသာစီး လွှမ်းမိုးတဲ့ပုံရအောင်လုပ်ကြပါတယ်။

Double-Hander (or) Politician’s Handshake
လက်ဆွဲနှုတ်ဆက်နေတဲ့အချိန်မှာ မိမိ၏ အခြားလက်တစ်ဖက်ကို ထပ်မံကာ မိုး၍ နှုတ်ဆက်ခြင်း ဖြစ်ပါတယ်။ ဒီအပြုအမူကတော့ နှုတ်ဆက်ခံရတဲ့သူက ရိုးသားတယ်၊ ယုံကြည်ထိုက်တယ်လို့ ယူဆချက်နဲ့ နှုတ်ဆက်ခြင်း ဖြစ်ပါတယ်။ ဒီလိုနှုတ်ဆက်တဲ့ အချိန်မှာ Eye-Contact ကိုပါ တစ်ပါတည်း ပြုလုပ်ကြပါတယ်။
Physical Contact များများနဲ့ နှုတ်ဆက်ခံရသူကို မိမိဘက်သား ဖြစ်စေရန် စည်းရုံးတဲ့ သဘောဖြစ်ပါတယ်။ တစ်ချို့အခြေအနေတွေမှာ ဖက်တဲ့ အဓိပ္ပါယ်ရပါတယ်။ ဖက်ပြီး နှုတ်ဆက်ဖို့ အချိန်အခါ မပေးရင် ဒီလိုနှုတ်ဆက်နည်းနဲ့ နှုတ်ဆက်ကြပါတယ်။
Handshakes of Control
လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ မိမိဟာ နှုတ်ဆက်တဲ့သူကို ဘယ်လောက်အတိုင်းအတာအထိ ရင်းနှီးလိုကြောင်း၊ မည်သည့်အတိုင်းအတာအထိ ရိုးသားဖြူစင်ကြောင်းပြသဖို့ရာအတွက် Handshakes of Control ကို အသုံးပြုကြတာ ဖြစ်ပါတယ်။
Handshakes of Control ဆိုတာကတော့ လက်ဆွဲနှုတ်ဆက်နေချိန်မှာ အခြား လက်တစ်ဖက်ကနေ လက်ကောက်ဝတ်၊ လက်ဖျံ၊ လက်မောင်းနဲ့ ပုခုံးတို့ကို ကိုင်ပြီး နှုတ်ဆက်တာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကိုင်ပြီး နှုတ်ဆက်တာထက် လက်ဖျံကို ကိုင်ပြီး နှုတ်ဆက်တာက ပိုပြီး ရင်းနှီးပြီး နီးကပ်တဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ပုခုံးကို ကိုင်ပြီး နှုတ်ဆက်တယ်ဆိုရင် လွန်စွာ နီးကပ်တဲ့ ရင်းနှီးမှု ရချင်တယ်၊ ထိန်းချုပ် လိုတယ်ဆိုတာ ပြသခြင်း ဖြစ်ပါတယ်။

​စိတ်ဝင်စားဖွယ်..ဘာသာရပ်တခုဖြစ်လို့.. ဆက်လက်လေ့လာစုဆောင်းဖေါ်ပြသွားပါမယ်...
Image may contain: 2 people, people standing, suit and outdoor
Image may contain: 2 people, people standing and suit
Image may contain: 2 people, suit
Image may contain: 10 people, people standing, suit and wedding
No photo description available.

Crd : Mg Moe'Fb မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

0 comments:

Post a Comment