Saturday, May 9, 2020

မေလလယ်တွင်ပုံမှန်အပူချိန်ထက်ပိုမိုနိုင်ပြီး မုတ်သုန်ဝင်ရောက်မှသာအပူချိန်ကျဆင်းနိုင်မည်ဟု မိုးဇလခန့်မှန်းထား

Image may contain: 1 person, sitting
လာမည့် မေလဒုတိယဆယ်ရက်ပါတ်ကာလတွင် နိုင်ငံအတွင်းပုံမှန်အပူချိန်ထက်ပိုမိုနိုင်ပြီး မုတ်သုန်လည်းဝင်ရောက်လာ မှာဖြစ်တာကြောင့် မုတ်သုန်မိုးနှင့်အတူအပူချိန်တဖြည်းဖြည်းကျဆင်းနိုင်တယ်လို့မိုးလေဝသနနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနညွန်ကြားရေးမှူး ချုပ်ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

“ဒီနှစ်ဟာအယ်နီညို၊လာနီညာမရှိဘဲအပူချိန်ဟာ အပူဆုံးနှစ်တွေထဲမှာပါဝင်သလို မုတ်သုန်မဝင်လာခင်အထိ အပူချိန်ဟာဆက်လက်မြင့်နေဦးမှာဖြစ်ကြောင့် ပြည်သူတွေအနေနဲ့ကျန်းမားရေးနှင့်အားကစားဝန်ကြီးကလမ်းညွှန်ထားတဲ့ အပူချိန်မြင့်မားမှုကြောင့်သိပြုရမဲ့ကျန်းမာရေးဆိုင်ရာအချက်လိုက်နာဖို့အကြုံပြုလိုပါတယ်”
လာမည့်မေလ(၁၆)ရက်မှ(၂၁)နေ့အတွင်းမြန်မာနိုင်ငံတောင် ပိုင်းဒေသ‌တွေကိုမုတ်သုန်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်ထားတယ်ဆိုပါတယ်။ ဒါအပြင်မေလဒုတိယဆယ်ရက်ပါတ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်သလို ပိုမိုအားကောင်းလာကာမုန်တိုင်းငယ် တစ်ခုဖြစ်ပွားနိုင်တယ် လို့ခန့်မှန်းထားတယ်လို့သိရပါတယ်။
Image may contain: text that says 'Maximum Temperature Forecast for 2nd (10)Days May May 2020 Day temperature will be above normal in Naypyitaw, Sagaing and Mandalay, Magway, Bago, Yangon, Ayeyarwady and Taninthayi, Shan, Chin, Rakhine, Kayah, Kayin and Mon States and about normal in Kachin states. Above Normal Normal Below Normal'

Crd : SKYNET UpToDateChannel

0 comments:

Post a Comment