Monday, May 4, 2020

နမ့်ခမ်းတွင် နေ့ခင်းဘက်အချိန် သေနတ်ကိုင်လူတစ်စုက နေအိမ်တစ်ခုအတွင်းဝင်၍ လူ ၃ ဦးဖမ်းဆီးသွား

Image may contain: sky and outdoor

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မေ ၃ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကိုင်လူတစ်ခုမှ နေအိမ်တစ်လုံးအတွင်းဝင်၍ လူ ၃ ဦးကို လက်ထိပ်ခတ်ဖမ်းဆီးသွားမှုဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းမြို့နယ်ရှိ ဒေသခံများထံမှသိရသည်။

မေ ၃ ရက်နေ့ နေ့လည်ပိုင်းက နမ့်ခမ်းမြို့နယ် အမှတ် ၁၄ ရပ်ကွက် ၊ အောင်မေတ္တာရပ်ရှိ နေအိမ်တစ်လုံးအရှေ့သို့ ပရာဒိုကားတစ်စီးဆိုက်ရောက်လာပြီး ကားပေါ်မှ သေနတ်အရှည်ကိုင်ထားသူ ၁ ဦး၊ သေနတ်အတိုကိုင်ထားသူ ၁ဦး၊ သေနတ်မပါသူ ၂ ဦးတို့ ဆင်းလာပြီး နေအိမ်အတွင်းဝင်ရောက်လာကာ လူ ၃ ဦးကို ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ၃ ဦးမှာ ဦးကျင်ချိ၊ ဝမ်ကွမ်း နှင့် ဝမ်ကွမ်း၏သူငယ်ချင်း လားရှိုးမြို့မှလာရောက်လည်ပတ်သူ အားဖူတို့ ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးနားရှိ ဒေသခံတစ်ဦးထံမှ သိရသည်။ ၎င်း၏ အမည်ကို လုံခြုံ ရေးအခြေအနေမဖော်ပြလိုကြောင်း ဆိုသည်။
၃ ဦးစလုံးကို လက်ထိပ်ခတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၊ ၎င်းတို့ကို ပရာဒိုကားပေါ်သို့ တင်၍ ပြန်လည်မောင်းထွက်သွားကြောင်း စုံစမ်းသိရှိရသည်။
လာရောက်သူ ၄ ဦးတွင် တစ်ဦးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ယူနီဖောင်းဝတ်ထားကြောင်း မျက်မြင်တွေ့ရှိသူထံမှ သိရသည်။
အဆိုပါကိစ္စနှင့် နမ့်ခမ်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်းသိရသည်။
Ref ; News Ambassador

0 comments:

Post a Comment