Sunday, May 17, 2020

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်

Image may contain: one or more people and people standing

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိချိန်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများနှင့် တပ်နယ်ခန်းမများ၌ ပေးအပ်လျက်ရှိပြီး ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပေးအပ်သည်။

အလားတူ အဆိုပါအမယ် ၄ မျိုးကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကိုလည်း ပေးအပ်လျက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီး ပေးအပ်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Image may contain: one or more people, people standing and basketball court

>>zawgyi<<
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများပေးအပ်
Sunday, May 17, 2020

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိချိန်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ စားသောက်ရေးအခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများနှင့် တပ်နယ်ခန်းမများ၌ ပေးအပ်လျက်ရှိပြီး ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပေးအပ်သည်။
အလားတူ အဆိုပါအမယ် ၄ မျိုးကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကိုလည်း ပေးအပ်လျက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီး ပေးအပ်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment