Saturday, May 9, 2020

မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာတွင် အရက်ကြောင်ပြီး မီးရှိူ့ရာမှ အိမ် ၄၅လုံးမီးလောင်မှုဖြစ်ပွား

Image may contain: sky, tree, outdoor and nature
မေ ၈ ရက်ညနေ၃နာရီ ၁၅ မိနစ်တွင် မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာနေ ဝင်းဇော်လင်း(၄၁)နှစ်သည် အရက်ကြောင်၍ တစ်ရွာတည်းနေ ဦးဖိုးကို(ခ)ဦးမြင့်ကို(၅၇)နှစ်၏ နေအိမ်အဖီအား မီးရှိူ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်မှူကြောင့် နေအိမ် ၄၅ လုံး၊ လယ်ထွန်စက်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ၄နာရီမိနစ်၄၀တွင် မီးငြိမ်းသွားခဲ့သည်။
ည၈နာရီ၅မိနစ်တွင် မီးရှိူ့သူ ဝင်းဇော်လင်းအား တောချောင်းဦးနယ်မြေရဲစခန်းက(ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှိူ့မှူ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
Image may contain: outdoor
Image may contain: sky, outdoor and nature
Image may contain: outdoor and nature
Image may contain: one or more people, sky, basketball court, outdoor and nature
Image may contain: sky and outdoor
Source : Home Affairs #Myanmar_Online_News

0 comments:

Post a Comment