Friday, May 15, 2020

ထိုင်းနိုင်ငံတွင် ကိုဗစ်ကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၈၀၀ ကျော် ဒုက္ခရောက်နေ

Image may contain: one or more people, house, tree and outdoor

ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြောင့် ထိုင်းနိုင်ငံမှာအရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီးနောက် ပြည်တော်ပြန်ဖို့ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံ သားတွေ ၈၀၀ ကျော် ရှိနေတဲ့နေရာဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၉၀ ကျော်ကွာဝေးတဲ့ ပကျွတ်ကရိကန် ခရိုင် ဟွာဟင် မြို့နယ်အတွင်းမှာ နေထိုင် အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

စက်ရုံတွေပိတ် ပစ်ခဲ့ပြီး လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို ဆက်မဌားနိုင်တော့တာကြောင့် အလုပ်ပြုတ်ခဲ့ပြီး ပြည်တော်ပြန်ဘို့ အခက်အခဲဖြစ်နေသူတွေလို့ သိရပါတယ်။
လက်ရှိအခြေအနေမှာဆိုရင် နေလက်စ ၁၀ပေပါတ်လည် အခန်းတွဲတွေမှာ အခန်းခပေး စရာမလို ဆက်လက်နေထိုင်ခွင့် ရနေပေမယ့် စားစရာမရှိ အခက်အခဲဖြစ်နေကြပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ခလေးငယ်တွေအများစုက ကျန်းမာရေး ကာကွယ်မှု ဘာမှမရှိကြဘူးလို့ မြန်မာနိုင်ငံသားတွေကို အကူညီပေးနေတဲ့ နယ်မြေနိုင်ငံခြား NGO ထောက်ပံ့ရေး အဖွဲ့တွေက ဆိုပါတယ်။
ခုလို မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အခြေအနေကို ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကူညီပေးဖို့ တောင်းခံထားဆဲဖြစ်ကြောင်း သိရပါတယ်။

>>zawgyi<<

0 comments:

Post a Comment