Saturday, May 9, 2020

ဝူဟန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို လားရှိုးမြို့တွင် ထားမည်

Image may contain: indoor

ဝူဟန်နှင့် ရှိအန်းစန်းမြို့များရှိအကျဉ်းထောင်များမှပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို လားရှိုးမြို့တွင် ထားရှိရန်စီစဉ်ထားကြောင်း သိရှိရသည်။

အဆိုပါအကျဉ်းထောင်များမှပြန်လည်လွတ်မြောက် လာသည့် အမျိုးသမီး၂ ဦး၊အမျိုးသား ၈ဦးကို မြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးရန် အစိုးရတာဝန်ရှိသူများက ဆောင်ရွက်နေပြီး မည်သည့်နေ့ရက်တွင် လွှဲပြောင်းပေးကာ လက်ခံမည်ဆိုသည်ကိုမူ မသိရှိရသေးပေ။

အဆိုပါ ပြန်လွတ်လာသူ ၁၀ ဦးကို လားရှိုးမြို့ရှိမိုးကုတ်ဝိပဿာရိပ်သာတွင် ၂၁ ရက်တာ ထားရှိ၍စောင့် ကြပ်ကြည့်ရှုသွားမည်ဖြစ်ပြီး ၎င်းတို့၏ ဝေယျာ ဝစ္စများဆောင်ရွက်ပေးရန် လူ၂ ဦးကိုလည်း ရှာဖွေပြင် ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းကလည်း ရှိအန်းစန်းမြို့နှင့်ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာမည့် ပြည်တော်ပြန်၁၀ဦးအား ထားရှိရန် မိုးကုတ် ဝိပဿ နာရိပ်သာတွင်ပြင်ဆင်ထားရှိမှုများကိုစစ်ဆေး ထားကြောင်းသိရသည်။
မေလ ၆ ရက်နေ့နှင့် ၇ ရက်နေ့အထိစာရင်းများအရ တရုတ်နိုင်ငံရှိ ထောင်အသီးသီးမှပြန်လည်လွတ်မြောက် လာပြီး မြန်မာနိုင်ငံအတွင်းသို့ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား စုစုပေါင်း ၃၁၄ ဦးအထိ ရှိနေကြောင်း သိရသည်။
အဆိုပါ ၃၁၄ ဦးအနက် နမ့်စန်မြို့သို့၅၉ ဦး၊ မိုးမိတ်မြို ့သို့၁၈ ဦး၊လားရှိုးမြို့သို့၁၀ဦးအပါအဝင် တရုတ် ထောင်များမှလွတ်မြောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်သူ ၁၂၆ ဦးအထိ ရှိကြောင်း သိရသည်။
No photo description available.
Image may contain: one or more people and outdoor
Image may contain: one or more people and outdoor

Ref ; The Ladies News

0 comments:

Post a Comment