Saturday, May 9, 2020

လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးမှုများအား ကူညီဆောင်ရွက်

Image may contain: one or more people

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း မေ ၆ ရက်မွန်းလွဲ ၁ နာရီခွဲခန့်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ် ၁၀၆ လုံး၊ အခြေခံပညာမူလတန်းကျောင်း(မြောက်အရပ်)၊ ကျောက်မှော်ဘုန်းကြီး ကျောင်းတို့သည် အမိုးများလွင့်စင်ပျက်စီးမှုနှင့် ဖောင်တော်ဦးစေတီ ငှက်ပျောဖူးနေရာမှကျိုးပဲ့၍ ထီးတော် မြေခခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများက မေ ၇ ရက် နံနက်ပိုင်းမှ စတင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

>>zawgyi<<

0 comments:

Post a Comment