Wednesday, May 13, 2020

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်ပြီး တစ်ရက်လျှင် ကလေး ၆၀၀၀ ကျော် ပိုမိုသေဆုံးနိုင်ဟု ယူနီဆက်ဆို

Image may contain: one or more people and people sitting
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနဲ့ ဆက်စပ်ပြီး နောက်ခြောက်လအတွင်းမှာ တစ်ရက်ကို ကလေးသေဆုံမှု ၆၀၀၀ ကျော် ပိုတိုးလာနိုင်တယ်လို့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်က သတိပေးလိုက်ပါတယ်။

ကမ္ဘာမှ မရှိမဖြစ် လိုအပ်တဲ့ အရာတွေဖြစ်တဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ် ဘေးကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် လာမယ့် ခြောက်လအတွင်းမှာ အသက် ငါးနှစ်အောက် ကလေး ၁ ဒသမ ၂ သန်းလောက် ပိုပြီး သေဆုံးဖို့ ရှိနေတယ်လို့ ယူနီဆက်က သတိပေးထားတာပါ။
အဲဒီလိုဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ ကိုဗစ်-၁၉ ကပ်ဘေးမှ ကလေးများကို ကာကွယ်ရေး ရန်ပုံငွေတစ်ရပ် စတင်ထူထောင် နေပြီလို့လည်း ယူနီဆက်ဖ်ကဆိုပါတယ်။
ဒီ စီမံကိန်းဟာ ကျန်းမာရေး စနစ် နိမ့်ကျတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ အသွားအလာတွေ ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးဌာနတွေ၊ ဆေးပေးခန်းတွေကို လာနိုင်တဲ့ အရေအတွက် လျော့ ကျသွားတာဟာ ကလေးသေဆုံးနှုန်း မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုးဆုံး နေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ၄၅ ရာခိုင်နှုန်းအထိ လျော့ကျနေတာကို တွေ့ရပြီး အဲဒီလိုနေရာတွေ မှာ အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု ၄၄ ဒသမ ၇ ရာခိုင်နှုန်း တိုးလာနိုင်သလို မီးဖွားစဉ် သေဆုံးမှု ၃၈ ဒသမ ၆ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့လည်း ယူနီဆက်က သတိပေးထားပါတယ်ခင်ဗျာ။
Ref ; One News Myanmar

0 comments:

Post a Comment