Monday, May 11, 2020

ဗန်းမောက်မြို့နယ်အတွင်း တရားမဝင်ရွှေမှော်၌ ကျောက်ယမ်းမိုင်းခွဲရာမှ အသက်ရှူမွန်းကြပ်ကာ ၄ ဦးသေဆုံးမှုဖြစ်ပွား

Image may contain: one or more people, people standing and outdoor

ကသာခရိုင်၊ဗန်းမောက်မြို့နယ်၊ပန်းတောကျေးရွာ၊မကျီးပင်လျို အနီးတရားမဝင် ကျောက်ရွှေမှော်တွင် ယမ်းမိုင်းခွဲရာမှ အသက်ရှူမွန်းကြပ်ကာ ရွှေလုပ်သား ၄ ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောက်မိုင်းခွဲမှုကြောင့် အ သက်ရှူကြပ်ဝေဒနာဖြင့် ဗန်းမောက်ဆေးရုံသို့ ရောက်လာသောရွှေလုပ်သား၁၀ဦးအ နက်၁ဦးသေဆုံးသွားကြောင်း သတင်းအရရဲတပ်ဖွဲ့မှ သွား ရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၉ ရက်နေ့ည ၁၀ နာရီခွဲခန့်က တရားမဝင် ရွှေတွင်း ၂ ခုအနက် ပေ၂၀၀ အနက်ရှိ တွင်းအတွင်းလုပ်သားများ လုပ်ကိုင်နေစဉ် အနီးရှိ ရွှေတွင်းမှ မြေအောက်မိုင်းခွဲရာမှ တဘက်ကျင်းရှိ လုပ်သားများ ယမ်းငွေ့ကျောက်မှုန်ကြောင့် အသက်ရှူကြပ်၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကျန်လုပ်သား ၉ ဦးမှာလည်း မသက်သာ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် လမ်း၌ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သွားရောက်ပို့ဆောင်သည့် ဗန်းမောက်မြို့ မြင့်မြတ်လူမှုကူညီရေးအသင်းဥက္ကဌ ဦးကျော်မြင့်ဦးကပြောသည်။
“လူနာတွေအကုန်လုံးကို အောက်ဆီဂျင်ပေးပြီးသွားကြရတာ။ မန္တလေးကိုရောက်သွားတဲ့ လူနာတွေတော့ အခြေအနေကောင်းတယ်လို့ ကြားရတယ်”ဟု ၎င်းကဆက်ပြောသည်။

ပန်းတောရွာအနီးရှိ မန်ကျီးပင်လျို ကျောက်ရွှေမှော်များသည် အကျယ် ၄ ပေ ကျင်းအနက် ပေ ၂၀၀ ခန့်ရှိပြီး တရားမဝင်တူးနေခြင်းဖြစ်သည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ပြောသည်။
“တရားဝင်တူးခွင့်ချပေးထားတဲ့နေရာတွေ မဟုတ်ပါဘူး မသိအောင်ခိုးတူးနေကြတာ”ဟု ဗန်းမောက်မြို့နယ်ထွေအုပ်ဦးစီးမှူး ဦးအေးမင်းက ပြောသည်။

လုပ်သား ၄ ဦးသေဆုံးမှုကြောင့် ယမ်းဖောက်ခွဲပစ္စည်းများ ဦးစီးလုပ်ကိုင်သူ သပိတ်ကျင်းမြို့ ၆ မိုင်ရွာနေ လုပ်သားခေါင်းဆောင်နှင့် တွင်းပိုင်ရှင် ၂ ဦးတို့အား ဗန်းမောက်မြို့မရဲစခန်းတွင် လူသေဆုံးမှု၊ တရားမဝင်ဖောက်ခွဲရေးပစ္စည်းများသုံး၍ ရွှေတူးမှု ပုဒ်မ ၃၀၄ (က)/၂၆၈ ဖြင့် အမှုဖွင့်ထားသည်။
Image may contain: 1 person, standing
Image may contain: 3 people, people standing
Image may contain: people sitting
No photo description available.
Image may contain: tree, plant, sky, outdoor and nature
Image may contain: outdoor
Crd : မောင်စိန်ဝင်း ( နားယော )

0 comments:

Post a Comment