Sunday, May 10, 2020

ထရီပိုလီလေဆိပ်ထဲ လောင်စာကန်များ လက်နက်ကြီးထိမှန်၊ ခရီးသည်တင်လေယာဉ်များ ပျက်စီး

Image may contain: cloud, sky and outdoor

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်က မီတီဂါ လေဆိပ်ထဲက လောင်စာလှောင်ကန်တွေကို မေ ၉ ရက်က လက် နက်ကြီး ထိမှန်လို့ ခရီးသည်တင်လေယာဉ်တွေ ပျက်စီးတယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြေ ညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

လတ်တလော ရက်တွေအတွင်း မြို့တော် ထရီပိုလီကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု အရှိန်မြင့်ခဲ့တာပါ။ မီတီဂါလေဆိပ်ဟာ လစ်ဗျားမြို့တော်တွင်း လုပ်ငန်းဆောင်ရွက်နိုင်တဲ့ တခုတည်းသော လေဆိပ်လည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လစ်ဗျားနိုင်ငံကို အသွားအလာ မပိတ်ခင်ကတည်းက လက်နက် ကြီးနဲ့ ထပ်ခါတလဲ ပစ်ခတ်ခံရလို့ အရပ်ဘက် လေကြောင်းလိုင်းတွေ ပြေးဆွဲမှု မတ်လတည်းက ရပ်တန့်နေခဲ့ပါတယ်။
အမျိုးသားရေနံကော်ပိုရေးရှင်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဘရီဂါ ရေနံဈေးကွက် ရှာဖွေရေး ကုမ္ပဏီကတော့ တိုက်ခိုက်ခံရလို့ မီတီဂါလေဆိပ်ထဲက လေယာဉ်ဆီ လှောင်ကန်တွေ မီးလောင်ခဲ့တယ်။
မီးသတ်သမားတွေက မီးတောက်ကို ထိန်းနိုင်ဖို့ ကြိုးစားနေခဲ့တယ်လို့ ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ နိုင်ငံအရှေ့ပိုင်းမှာ ခြေကုပ်ယူထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခါလီဖှာ ဟဲ့ပ်တာရဲ့ တပ်တွေကို အပြစ်တင်ပါတယ်။
ပျက်စီးသွားခဲ့တဲ့ လေယာဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး ရောဂါခြေချုပ်ကျနေလို့ ဥရောပမှာ သောင်တင်နေတဲ့ လစ်ဗျားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စပိန်နိုင်ငံဆီသွားဖို့ အသင့်ပြင်နေတဲ့ လေယာဉ်တွေ ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Ref ; DVB

0 comments:

Post a Comment