Monday, May 4, 2020

ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုအား မေလကုန်အထိ သက်တမ်းတိုးရန် ဂျပန်ဝန်ကြီးချုပ် မျှော်လင့်

Image may contain: one or more people

မေလ ၅ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် အရေးပေါ်အခြေ အနေထုတ်ပြန်ထားမှုအား မေလကုန်အထိ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း NHK ပြည်သူ့အသံလွှင့်ဌာနမှ ပြောကြားခဲ့ပါသည်။
ဂျပန်အစိုးရသည် နိုင်ငံအတွင်း လူပေါင်း ၁၅,၀၀၀ နီးပါး ရောဂါ ကူးစက်ခံခဲ့ရပြီး ၅၀၀ ကျော် သေဆုံးစေခဲ့သည့် Coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကာကွယ်ရေး စီမံချက်အသစ်များလုပ်ဆောင်မည်ဟု မျှော်လင့်ရပါသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေလ ၆ ရက်နေ့တွင် ကုန်ဆုံးမည့် အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုအား သက်တမ်းတိုးရသည့် နောက်ကွယ်မှ အကြောင်းအရာများကို ရှင်းပြမည်ဟု မျှော်လင့်ကြောင်း NHK ပြည်သူ့အသံလွှင့်ဌာနမှ ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အစိုးရသည် စီးပွားရေးလုပ်ဆောင်မှုများအပေါ် Coronavirus ရောဂါနှင့်ပတ်သက်၍ ကန့်သတ်ထားမှုများအား လျှော့ချပေးမည်ဖြစ်ပြီး ပန်းခြံများကဲ့သို့ ရောဂါကူးစက်မှုနည်းပါးသည့် နေရာများအား ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးမည် ဖြစ်သည်။
အဆိုပါအရေးပေါ်အခြေအနေထုတ်ပြန်ချက်သည် စီးပွားရေးလုပ်ငန်းများပိတ်ထား ရန်နှင့် ဒေသခံများအား နေအိမ်အတွင်း၌သာ နေထိုင်ရေးတောင်းဆိုနိုင်ရန် ရောဂါ ကူးစက်မှုရှိခဲ့သည့် နယ်မြေများတွင် အုပ်ချုပ်သူများကို အခွင့်အာဏာပေးထား ပါသည်။ သို့သော် လိုက်နာမှုရှိ/မရှိနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ထားခြင်းမရှိပါ။
ဗိုင်းရပ်စ်ပိုးကူးစက်မှုသည် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေခဲ့ပါသည်။ ၎င်း သည် ကမ္ဘာ့တတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ်ရန် ခြိမ်းခြောက်လျက်ရှိပြီး အစိုးရအသုံးစရိတ်များ ပိုမိုရရှိရန် တောင်းဆိုမှုများဖြစ်ပေါ်လာစေပါသည်။
လွန်ခဲ့သောရက်သတ္တပတ်တွင် ဂျပန်ပါလီမန်သည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်း များ ပြန်လည် နာလန်ထူနိုင်ရန်အတွက် အပိုဘတ်ဂျက် ဒေါ်လာ ၁.၁ ထရီလီယံ ထောက်ပံ့ရန် အတည်ပြုခဲ့ပါသည်။
Image may contain: one or more people and outdoor
Source - Reuters #Myanmar_Online_News

0 comments:

Post a Comment