Friday, May 15, 2020

အမ်းမြို့ရှိ သံဃာတော်များနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အဟာရဖြည့် စားသောက်ဖွယ်ရာပေးအပ်

Image may contain: one or more people, people sitting, people standing and indoor

COVID-19 ရောဂါကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း သံဃာတော်များ စားရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ငွေချန်တောင်တောရကျောင်း ဆရာတော် ဘဒ္ဒန္တကေန္ဒိအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ တပ်မတော်သားများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တာဝန်ရှိသူများသည် အမ်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ ၃၆ ဦးတို့အတွက် ကြက်ဥ၊ နွားနို့နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် တပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အမ်းမြို့၊ ပဲပဒုံဂိတ်၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတာဝန်ခံရုံး၊ ပြည်သူ့ဆေးရုံနှင့် ငွေချန်တောင် တောရ ကျောင်းတို့၌လည်းကောင်း၊ စစ်တွေမြို့၊ ကမ်းနားလမ်းနှင့် ဝန်ထမ်းအိမ်ရာတို့၌ လည်းကောင်း၊ COVID-19 ရောဂါကာကွယ်ရာတွင် အထောက်အကူပြုစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
Image may contain: outdoor and nature
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people sitting, table and indoor
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
အမ်းမြို့ရှိ သံဃာတော်များနှင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အဟာရဖြည့် စားသောက်ဖွယ်ရာပေးအပ်
Saturday, May 16, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း သံဃာတော်များ စားရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ငွေချန်တောင်တောရကျောင်း ဆရာတော် ဘဒ္ဒန္တကေန္ဒိအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ တပ်မတော်သားများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် တာဝန်ရှိသူများသည် အမ်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ ၃၆ ဦးတို့အတွက် ကြက်ဥ၊ နွားနို့နှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် တပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အမ်းမြို့၊ ပဲပဒုံဂိတ်၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတာဝန်ခံရုံး၊ ပြည်သူ့ဆေးရုံနှင့် ငွေချန်တောင် တောရ ကျောင်းတို့၌လည်းကောင်း၊ စစ်တွေမြို့၊ ကမ်းနားလမ်းနှင့် ဝန်ထမ်းအိမ်ရာတို့၌ လည်းကောင်း၊ COVID-19 ရောဂါကာကွယ်ရာတွင် အထောက်အကူပြုစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment