Sunday, May 17, 2020

တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းများကို လာမည့်ရက်ပိုင်းအတွင်း စတင်နိုင်တော့မည်

Image may contain: 1 person, standing, tree and outdoor

တက္ကသိုလ်ဝင်တန်း စာစစ်လုပ်ငန်းများကို လာမည့်ရက်ပိုင်းအတွင်း စတင်နိုင်ရန် ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အတည်ပြု ပြောကြားသည်။

“ကုတ်လုပ်တာတို့ အောင်စာရင်းတို့ စာစစ်တာတို့က ပုံမှန်အတိုင်း လုပ်သွားပါမယ်။ လုပ်ခွင့်ရတာနဲ့ စပြီးတော့လုပ်သွားပါမယ်။ မကြာမီ စတော့မယ်။ အထူးသဖြင့်တော့ ဒီတနင်္လာလောက်တော့ စနိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ညွှန်ကြားချက်တို့ ဘာတို့ စောင့်နေတာ” ဟု ၎င်းကဆိုသည်။
“ကုတ်လည်းလုပ်မယ်။ အခြေခံကဆရာ/ဆရာမတွေကိုလည်း အရင်ကအတိုင်းပုံမှန်ဝင်ပြီးတော့ စစ်ရမယ်။ စစ်တဲ့အခါမှာတော့ social distancing တို့ mask တပ်တာတို့၊ လက်ဆေးတာ တို့လုပ်ရမှာပေါ့ “ဟု ၎င်းဆက်ပြောသည်။
၂၀၂၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းတာအရ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စားရင်းရှိ ၉၇၁၄၀၇ ကျော်အနက် ၉၁၀၂၇၃ ကျော်လာရောက်ဖြေဆိုခဲ့ပြီး ၆၁၁၃၄ ကျော်ပျက်ကွက်ခဲ့ကြောင်း သိရသသည်။
crd-စံတော်ချိန် #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment