Tuesday, May 5, 2020

သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Image may contain: one or more people, sky and outdoor

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌လက်ခံ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၆ ဦး၊ နယ်စပ်ဒေသမြို့များ ဖြစ်သည့် မူဆယ်မြို့၊ လောက်ကိုင်မြို့၊ လွယ်ဂျယ်မြို့၊ မြဝတီမြို့နှင့် ကျိုင်းတုံမြို့တို့မှ ရောက်ရှိလာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၅ ဦးရောက်ရှိခဲ့ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦးနှင့် နယ်စပ်ဒေသမြို့ဖြစ်သည့် လောက်ကိုင်မြို့ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။ ယနေ့တွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် (COVID-19) ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၁ ဦးမှာ အစာအိမ်ရောဂါကြောင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင်(COVID-19) ရောဂါ နှင့် ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူ ၈ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူ ၁ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စာင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်းလက်မှတ်များနှင့် (COVID-19) ရောဂါနှင့် ပတ်သက်၍ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ယမန်နေ့ ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၂၉၅ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၁၂၃ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ သီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးသူများကို ပြန်လည်စေလွှတ် နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Image may contain: one or more people and people standing
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ
Wednesday, May 6, 2020

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၆ ဦး၊ နယ်စပ်ဒေသမြို့များ ဖြစ်သည့် မူဆယ်မြို့၊ လောက်ကိုင်မြို့၊ လွယ်ဂျယ်မြို့၊ မြဝတီမြို့နှင့် ကျိုင်းတုံမြို့တို့မှ ရောက်ရှိလာသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၅ ဦးရောက်ရှိခဲ့ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦးနှင့် နယ်စပ်ဒေသမြို့ဖြစ်သည့် လောက်ကိုင်မြို့ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။ ယနေ့တွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် (COVID-19) ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၁ ဦးမှာ အစာအိမ်ရောဂါကြောင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင်(COVID-19) ရောဂါ နှင့် ပတ်သက်၍ စောင့်ကြည့်ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှု ထားသူ ၈ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၂၁ ရက်ပြည့်မြောက် သည့် စောင့်ကြပ်ကြည့်ရှုထားသူ ၁ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စာင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်းလက်မှတ်များနှင့် (COVID-19) ရောဂါနှင့် ပတ်သက်၍ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူ များက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ယမန်နေ့ ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၂၉၅ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၁၂၃ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ သီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးသူများကို ပြန်လည်စေလွှတ် နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment