Sunday, May 17, 2020

မူဆယ်မြို့အတွင်း ကျပ်သိန်းပေါင်း ၆၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Image may contain: one or more people, people sitting and outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် မူဆယ်မြို့နယ်အတွင်း ရထိုက်လမ်းဆုံနေရာ၌ စောင့်ဆိုင်းနေစဉ် စိုးလှိုင်(ဘ)ဦးရွှေမောင် မူဆယ်မြို့နေသူ မောင်းနှင်ပြီး မင်းထက်ကျော်လင်း(ဘ)ဦးသိန်းဝင်း လိုက်ပါစီးနင်းလာသည့် CANDA-125 ဆိုင်ကယ်အမျိုးအစားအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားတွင် သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၄၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ စိုးလှိုင် အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ပို့ခိုင်းသူမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ နယ်မြေ(၁၆)နေ မောင်မောင်တူး(ဘ)ဦးဖြူထွား ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က ၎င်း၏နေအိမ်အား သွား‌ရောက်စစ်ဆေးရာ ကွင်းဆက်တရားခံ မောင်မောင်တူးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှာဖွေ တွေ့ရှိခြင်းမရှိခဲ့ကြောင်းနှင့် မောင်မောင်တူးအား မေးမြန်းချက်အရ မူးယစ်ဆေးဝါးများ အား စိုးလှိုင်၏ နေအိမ်သို့ ပို့ဆောင်ထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုးလှိုင်၏ နေအိမ်အား နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း စက္ကူဂျပ်ဖာဖြင့် ထည့်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၆၀၀ ခန့်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ (စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်)နှင့် မော်တော်ဆိုင်ကယ်အား မူဆယ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<

ယနေ့ မူဆယ်မြို့အတွင်း ကျပ်သိန်းပေါင်း ၆၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Sunday, May 17, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် မူဆယ်မြို့နယ်အတွင်း ရထိုက်လမ်းဆုံနေရာ၌ စောင့်ဆိုင်းနေစဉ် စိုးလှိုင်(ဘ)ဦးရွှေမောင် မူဆယ်မြို့နေသူ မောင်းနှင်ပြီး မင်းထက်ကျော်လင်း(ဘ)ဦးသိန်းဝင်း လိုက်ပါစီးနင်းလာသည့် CANDA-125 ဆိုင်ကယ်အမျိုးအစားအား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ ၂ ဦးကြားတွင် သယ်ဆောင်လာသည့် အဝါရောင်ပီနံအိတ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆြေးပား ၁၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၄၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စိုးလှိုင် အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ပို့ခိုင်းသူမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ နယ်မြေ(၁၆)နေ မောင်မောင်တူး(ဘ)ဦးဖြူထွား ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က ၎င်း၏နေအိမ်အား သွား‌ရောက်စစ်ဆေးရာ ကွင်းဆက်တရားခံ မောင်မောင်တူးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှာဖွေ တွေ့ရှိခြင်းမရှိခဲ့ကြောင်းနှင့် မောင်မောင်တူးအား မေးမြန်းချက်အရ မူးယစ်ဆေးဝါးများ အား စိုးလှိုင်၏ နေအိမ်သို့ ပို့ဆောင်ထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုးလှိုင်၏ နေအိမ်အား နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်း စက္ကူဂျပ်ဖာဖြင့် ထည့်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ပြား၊ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၃၆၀၀ ခန့်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ (စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်းပေါင်း ၆၀၀၀ ခန့်)နှင့် မော်တော်ဆိုင်ကယ်အား မူဆယ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment