Wednesday, May 6, 2020

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုအသစ် ၂ ခုရှိပြီး ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိသူ ၂၀ ရှိကြောင်းထုတ်ပြန်ကြေညာ

Image may contain: 2 people
တရုတ်နိုင်ငံတွင် မေလ ၅ ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၂ ခုရှိပြီး ရောဂါလက္ခဏာမပြဘဲရောဂါပိုးတွေ့ရှိသူ ၂၀ ရှိကြောင်း အမျိုးသားကျန်းမာရေးအာဏာပိုင်များ၏အချက်အလက်များမှတဆင့် မေလ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက အစောပိုင်းနေ့များတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုအသစ် ၁ ခုရှိပြီး ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးရှိပါသည်။ ကူးစက်ခံရမှု အသစ်နှစ်ခုသည် ပြည်ပခရီးမှတဆင့်ကူးစက်ခံခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုပေါင်း ၈၂,၈၈၃ ရှိပြီး သေဆုံးမှုမှာ ပြောင်းလဲမှုမရှိဘဲ ၄,၆၃၃ ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားခဲ့ပါသည်။
Image may contain: one or more people and people standing
Source : channelnewsasia
China reports two new coronavirus cases, 20 new asymptomatic cases

0 comments:

Post a Comment