Friday, May 15, 2020

အီတလီတွင် ယခင်က ပိတ်ထားခဲ့သော ကိုဗစ်-၁၉ သင်္ချိုင်းများကို ဝင်ရောက်လည်ပတ်ခွင့်ပြု

Image may contain: one or more people and outdoor
ကပ်ဘေးစတင်ကတည်းက ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေကို ပလတ်စတစ်ကြိုးတွေ တားပြီးတော့ ဘယ်သူမှ ဝင်ကြည့်ခွင့် မပြုခဲ့သော်လည်း မနေ့ကစပြီးတော့ အဲဒီ သင်္ချိုင်းတွေကို အများပြည်သူ ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် မိသားစုဝင် တွေအနေနဲ့ ကွယ်လွန်သူတွေရဲ့ နောက်ဆုံး လဲလျောင်းရာနေရာကို လာကြည့်လို့ ရသွားပြီ ဖြစ်ပါတယ်။
သင်္ချိုင်းတွေမှာ မြေပုံတွေကတော့ ပြင်ပြင်ဆင်ဆင် လုပ်မထားရသေးပါဘူး။ မြေပုံနဲ့ အမှတ်အသား တိုင်လေးတစ်တိုင်၊ ပန်းစည်းလေးတစ်စည်း လောက်ပဲ လုပ်ပေးထားနိုင်တာ တွေ့ရပါတယ်။ ကပ်လျက် ဆက်နေတဲ့ မြေပုံတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ ဆိုးကျိုးသက်ရောက်မှုကို ဖော်ပြနေတဲ့ အမှတ်အသားတွေလည်း ဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုတွေရဲ့ စိတ်ထဲက နာကျင်မှုတွေကတော့ နှစ်တော်တော်များများအထိ စွဲကျန်နေရစ်ဦးမှာပါ။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင် သေဆုံးသူ ၃၁၀၀၀ ကျော်ရှိပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးရင် သေဆုံး သူအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
Image may contain: one or more people
Image may contain: tree, grass, sky, outdoor and nature
crd-OneNewsMyanmar #Myanmar_Online_News
>>zawgyi<<
အီတလီတွင် ယခင်က ပိတ်ထားခဲ့သော ကိုဗစ်-၁၉ သချႋုင်းများကို ဝင်ရောက်လည်ပတ်ခွင့်ပြု
Friday, May 15, 2020
ကပ်ဘေးစတင်ကတည်းက ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေကို မြှုပ်နှံထားတဲ့ သချႋုင်းတွေကို ပလတ်စတစ်ကြိုးတွေ တားပြီးတော့ ဘယ်သူမှ ဝင်ကြည့်ခွင့် မပြုခဲ့သော်လည်း မနေ့ကစပြီးတော့ အဲဒီ သချႋုင်းတွေကို အများပြည်သူ ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။
ဒါကြောင့် မိသားစုဝင် တွေအနေနဲ့ ကွယ်လွန်သူတွေရဲ့ နောက်ဆုံး လဲလျောင်းရာနေရာကို လာကြည့်လို့ ရသွားပြီ ဖြစ်ပါတယ်။
သချႋုင်းတွေမှာ မြေပုံတွေကတော့ ပြင်ပြင်ဆင်ဆင် လုပ်မထားရသေးပါဘူး။ မြေပုံနဲ့ အမှတ်အသား တိုင်လေးတစ်တိုင်၊ ပန်းစည်းလေးတစ်စည်း လောက်ပဲ လုပ်ပေးထားနိုင်တာ တွေ့ရပါတယ်။ ကပ်လျက် ဆက်နေတဲ့ မြေပုံတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ ဆိုးကျိုးသက်ရောက်မှုကို ဖော်ပြနေတဲ့ အမှတ်အသားတွေလည်း ဖြစ်ပါတယ်။ ကျန်ရစ်သူ မိသားစုတွေရဲ့ စိတ်ထဲက နာကျင်မှုတွေကတော့ နှစ်တော်တော်များများအထိ စွဲကျန်နေရစ်ဦးမှာပါ။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင် သေဆုံးသူ ၃၁၀၀၀ ကျော်ရှိပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးရင် သေဆုံး သူအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
crd-OneNewsMyanmar #Myanmar_Online_News

0 comments:

Post a Comment