Saturday, May 9, 2020

တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ အားနည်းချက်များရှိကြောင်း အစိုးရတာဝန်ရှိသူ ဝန်ခံ

Image may contain: 1 person, closeup

COVID-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်မှာ အားနည်းချက်ရှိမှုတွေကို မြင်သာစေခဲ့တဲ့ စမ်းသပ်မှုကြီးတစ်ခု ဖြစ်ခဲ့ကြောင်း တရုတ်အစိုးရရဲ့ အကြီးတန်း အရာရှိတစ်ဦးက တရုတ်မီဒီယာကို ပြောကြားပါတယ်။

တရုတ်အစိုးရက ယခုကဲ့သို့ ထုတ်ဖော်ဝန်ခံမှုဟာ ရှားပါးတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း သိရပါတယ်။ COVID-19 ကူးစက်မှုအပေါ် တရုတ်အစိုးရရဲ့ အစောပိုင်း တုံ့ပြန်ဆောင်ရွက်မှုအပေါ် ပြည်ပနိုင်ငံများက ‌ဝေဖန်မှုတွေရှိလာခဲ့ပြီးနောက် တရုတ်ကျန်းမာရေးကော်မရှင်မှ ညွှန်ကြားရေးမှူး လီဘင်က နိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ အားနည်းချက်တွေရှိခဲ့ကြောင်း ရှားရှားပါးပါး ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ရောဂါကာကွယ်ရေး၊ ပြည်သူ့ကျန်းမာရေးစနစ်နဲ့ အချက်အလက် စုဆောင်းမှုတွေကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်သွားမယ်လို့ ၎င်းက ဆိုပါတယ်။ COVID-19 ကပ်ရောဂါဟာ တရုတ်အစိုးရအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပြီး အဓိက ကပ်ရောဂါကြီးကို ရင်ဆိုင်မှုနဲ့ ပြည်သူ့ကျန်းမာရေးစနစ်မှာ အားနည်းချက်တွေရှိခဲ့ကြောင်း လီဘင်က သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်အစိုးရခေါင်းဆောင်ပိုင်းက ယခုကဲ့သို့ ထုတ်ဖော်ဝန်ခံမှုဟာ ရှားပါးတဲ့ဖြစ်ရပ်လို့ သိရပါတယ်။ တရုတ်အစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းသွားမှာဖြစ်ပြီး ကျန်းမာရေးစနစ်နဲ့ ကြီးမားများပြားတဲ့ အချက် အ လက် အသုံးချမှုတို့ကို ဗဟိုကချုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးကော်မရှင် အကြီးအကဲ လီဘင်က ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဝူဟန်မြို့မှာ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ် စတင်တွေ့ရှိရပြီးနောက် တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးလွန်းခဲ့ခြင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကူးစက်ဖြစ်ပွားမှုအကြောင်း အလျင်အမြန် သတိပေးရန် ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ထို့အတူ ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ တရုတ်နိုင်ငံရဲ့ အဓိက ဓာတ်ခွန်းကနေ စတင်ထွက်ပေါ်ခဲ့ကြောင်း ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။
ဥရောပသမဂ္ဂကတော့ တရုတ်အစိုးရဟာ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အမှားများ ဖြန့်ဝေခဲ့ကြောင်း ဧပြီလအတွင်းက စွပ်စွဲခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ဗိုင်းရပ်စ်ရဲ့ မူလဇာစ်မြစ်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန် တောင်းဆိုမှုတွေကို ပယ်ချထားပါတယ်။
ထိုအတောအတွင်း ဆက်စပ်သတင်းတစ်ရပ်အရ တရုတ်နိုင်ငံက COVID-19 အတွက် မြောက်ကိုရီးယားကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တရုတ်နိုင်ငံမှာ COVID-19 ကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ခဲ့မှုအပေါ် သမ္မတရှီကျင့်ဖျင်ကို ချီး ကျူးဂုဏ်ပြုခဲ့ပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ ကမ်းလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကတော့ ယခုလက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှု မရှိကြောင်း ပြောထားခဲ့ပြီး ကျွမ်းကျင်သူတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျန်းမာရေးစနစ် မကောင်းလှတဲ့ မြောက်ကိုရီးယားမှာ ကူးစက်ရောဂါဖြစ်ပွားမှုကြီး ရင်ဆိုင်လာရပါက နိုင်နိုင်နင်းနင်း တုံ့ပြန်ဖြေရှင်းနိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Image may contain: one or more people and outdoor
Image may contain: 2 people, people standing and outdoor
Image may contain: one or more people, people standing and outdoor
Ref ; Duwun

0 comments:

Post a Comment