Thursday, May 7, 2020

အမေရိကန် နွားနို့လုပ်ငန်းရှင်များ ပိုလျှံနေသည့် နွားနို့များကို လှူဒါန်း

Image may contain: outdoor
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာ မနေ့ကတုန်းက အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တပ်သားတွေက လမ်းဆုံလမ်းခွတွေမှာ နွားနို့တွေကို ဂါလန်ပုံးတွေနဲ့ အလှူပေးခဲ့ကြပါတယ်။

ဒါဟာ အမေရိက နို့ထွက်လုပ်ငန်းရှင်တွေရဲ့ အစီအစဉ်နဲ့ အမျိုးသား အစောင့်တပ်က ပါဝင်ကူညီခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ကာလမှ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားရတာကြောင့် ဈေးကွက်မှာ နွားနို့ ဝယ်လိုအား သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ပိုလျှံနေတဲ့ နွားနို့တွေကို လမ်းဆုံလမ်းခွတွေမှာ စတုဒိသာ အလှူကြီးပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
မနေ့တုန်းက အမျိုးသားအစောင့်တပ်တွေ လှူပေးခဲ့တဲ့ နွားနို့ စုစုပေါင်း ဂါလန် ၈၀၀၀ ကျော်တယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ လောလောဆယ် တစ်ကမ္ဘာလုံးအနေအထားမှာ ကူးစက်မှုအများဆုံးနဲ့ သေဆုံး မှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ကူးစက်သူ ၁၃ သိန်းနီးပါး ရှိလာပြီဖြစ်သလို သေဆုံးသူကလည်း ၇၆၀၀၀ ကျော်နေပါပြီ။ အစိုးရကတော့ ကပ်ဘေးအလွန်မှာ စီးပွားရေး ခပ်မြန်မြန် နာလန်ထနိုင်ဖို့ အခုကတည်းက စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်အောင် ကြိုးစားနေတာ တွေ့ရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment