Monday, May 11, 2020

ဘဏ်များကို ယခင်သတ်မှတ်ချိန်တိုင်း ပြန်ဖွင့်မည်

Image may contain: plant and outdoor
ဘဏ်လုပ်ငန်းချိန်များကို မူလဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်အတိုင်း ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၁၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော COVID-19 ရောဂါ အခြေအနေကြောင့် ဘဏ်လုပ်ငန်းချိန်အား ဧပြီလ ၂၈ ရက်မှစ၍ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂နာရီအထိ ယာယီပြင်ဆင်သတ်မှတ်ခဲ့သော် လည်း ဘဏ်များတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ယခင်ဘဏ် သတ်မှတ်ချိန်အတိုင်း ပြန်လည်ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုအခါ ပြည်သူများမှ ဘဏ်များ၌ ငွေသွင်း/ ငွေထုတ်ပြုလုပ်ရာတွင် ဘဏ်ဖွင့်လှစ်ချိန်လျော့ချခြင်းနှင့် ပုဂ္ဂလိကဘဏ်အချို့ ခေတ္တပိတ်ထားခြင်းတို့ကြောင့် ဘဏ်များတွင် လူစုလူဝေးဖြစ်ပေါ်လျက်ရှိပြီး ရောဂါပြန့်ပွားမှုကို အားပေးရာရောက်သည့်ကို စိစစ်တွေ့ရှိရကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အကြောင်းကြား လာသည်ဟုဆိုသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment