Saturday, May 9, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ညောင်ရွှေမြို့နယ် ၊ ကျေးသီးမြို့နယ် ၊ အမရပူရမြို့နယ် ၊ မိုင်းနောင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းစိမ်းများ၊ ဘိန်းဖြူများ ၊ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ညောင်ရွှေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၈ ရက်နေ့ ၁၅၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မှော်ဘီ-တုံဟုံး-ပင်လောင်းသွားကားလမ်းပေါ်တွင် တုံဟုံး ဘက်မှ ပင်လောင်းမြို့ဘက်သို့ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာနေ ခမ်းထီ(ခ)ကုလား ၃၃ နှစ် မောင်းနှင် လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ညောင်ရွှေ မြို့နယ်၊ စံကားကျေးရွာအနီး မှော်ဘီ-စံကားသွားကားလမ်းဘေးတွင် တိမ်းမှောက်နေသည်ကိုတွေ့ရှိရပြီး မော်တော် ယာဉ်အားရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၀ သိန်း) အားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နန်းပန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊မိုင်းနောင်မြို့တွင် ဘိန်းစိမ်းများ သိမ်းဆည်းရမိမှု
မေလ ၈ ရက်နေ့ ၁၄၃ဝ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်-ကျေးသီး သွားကား လမ်းပေါ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ေနစဉ် အဆိုပါလမ်းပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အားစစ် ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၀၃၈ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၆၂၂၈ သိန်း)အား သိမ်းဆည်းရမိခဲ့သဖြင့် မိုင်းနာင်နယ်မြေရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အမရပူရမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမရပူရမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက်နေ့ ၁၆၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာ၊ စစ်ကိုင်း-မန္တလေး သွားကားလမ်းပေါ်တွင် ရပ်တန့်ထားသည့်မော်တော်ယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်မောင်းဖြစ်သူ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကြီး အောင်ရပ်ကွက်နေ မျိုးနိုင်(ခ)မိုးဦး ၂၃ နှစ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ လျှော်ဖြူကုန်းကျေးရွာနေ ငြိမ်းချမ်းအောင် ၃၄ နှစ် စီးနင်းလိုက်ပါလာသည်ကိုတွေ့ရှိပြီး ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်များ အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇၁၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၉၇ သိန်း)၊မြန်မာငွေကျပ် ၁.၅ သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အမရပူရမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်း ဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့တွင် ငွေကျပ် ၂၆၅၆ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု
မေလ ၇ ရက်နေ့ ၁၀၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အဝင်တွင် နယ်မြေ လုံခြံုရေးဆောင်ရွက်စဉ် ဝမ်ဆင်းဘက်မှ မိုင်းနောင်မြို့ဘက်သို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇှုန်(၁)နေ ချစ်ဝင့်သူ ၂၈ နှစ်မောင်းနှင်ပြီး မူဆယ်မြို့၊ (၁၀၅)မိုင်နေ လှိုင်ဝေဦး ၂၆ နှစ် လိုက်ပါလာသည့် ကုန်တင် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မော်တော်ယာဉ်မှာနောက်ပြန်လှည့်မောင်းနှင်သွား၍ လိုက်လံ တားဆီးရာ မော်တော်ယာဉ်အား ရပ်တန့်ထားရစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသူများမှာ ၎င်းယာဉ်နောက်တွင် ကပ်ပါလာသည့် မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေသူများဖြစ်သည့် ရန်နိုင်ထူး ၃၄ နှစ်မောင်းနှင်ပြီး သူရအောင် ၁၈ နှစ် လိုက်ပါလာသည့် Vigo မော်တော်ယာဉ်ပေါ်သို့ တက်ရောက်လိုက်ပါမောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ တားဆီးစစ်ဆေးရာ ကုန်တင်မော်တော်ယာဉ်ပေါ်တွင် ပလတ်စတစ်ပီပါ/သံပီပါများဖြင့်ထည့်ထားသည့် ဓာတုပစ္စည်း အီသိုင်းအက်စီတစ် စုစုပေါင်း ၂၆၅၆၀ လီတာ(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၂၆၅၆ သိန်း)နှင့် လက်ကိုင် ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက် သဖြင့် မိုင်းနောင်နယ်မြေရဲစခန်းတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: car and outdoor
Image may contain: text that says 'သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ'
Image may contain: one or more peopleImage may contain: 3 people
Image may contain: outdoor
Image may contain: outdoor

0 comments:

Post a Comment