Friday, May 15, 2020

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်ကို နေအိမ်စွန့်ခွာ

Image may contain: outdoor, water and nature

ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်တိုက်ခဲ့နေရသည့် ဖိလစ်ပိုင်နိုင်ငံသည် ယနေ့တွင် အင်အားပြင်းသော တိုက်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော် နေအိမ်စွန့်တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ကြသပတေးနေ့က မုန်းတိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ထောင်ရာနှင့်ချီသော အကာအကွယ်မဲ့သူများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံသား သန်းပေါင်းများစွာသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် နေ့အိမ်များတွင် နေထိုင်ကြသော်လည်း မုန်တိုင်းကြောင့် အနည်းဆုံးလူပေါင်း ၁၄၁၇၀၀ မှာ ထွက်ပြေးခဲ့ရသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လောလာဆယ်တွင် နေအိမ်စွန့်ခွာ ထွက်ပြေးသူများကို အမိုးအကာ လုံခြုံသော နေရာများတွင် ထားရှိထားပြီး လိုအပ်သူများကိုလည်း နှာခေါင်းစည်းများ ပေးထားပြီး မိသားစုများ စုစည်းနိုင်ရန်လည်း ကြိုးစားနေကြောင်း သိရသည်။
ကံကောင်းထောက်မစွာ မုန်တိုင်းတိုက်ခိုက်ခဲ့သည့် အဓိက ဒေသသည် ဖိလစ်ပိုင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရာ ဗဟိုဒေသမဟုတ်ခဲ့ပေ။ ဖိလစ်ပိုင်တွင် ရောဂါကူးစက်မှု ၁၂၀၀၀ ခန့်နှင့် သေဆုံးသူ ၈၀၀ နီးပါးရှိသည်။
တိုင်ဖွန်းမုန်တိုင်း မတိုင်မီ မေယွန်မီးတောင်၏ တောင်စောင်းများမှ လူပေါင်း ၂၂၀၀၀ ခန့်ကို ကယ်ဆယ်ခဲ့သည်။ ဖိလစ်ပိုင် ကျွန်းစုများသည် နှစ်စဉ် ပျမ်းမျှ အကြိမ် ၂၀ ခန့် မုန်တိုင်း တိုက်ခိုက်လေ့ရှိပြီး တိုက်ဖွန်းမုန်တိုင်း ကဲ့သို့သော အန္တရာယ်ရှိသည့် မုန်းတိုင်းများတိုက်ခိုက်သည့် ဒေသများ ဖြစ်သည်။
၂၀၁၃ ခုနှစ်က တိုက်ခိုက်ခဲ့သည့် ဟိုင်ယန် စူပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နိုင်ငံတွင်း အသေအပျောက်အများဆုံး ဖြစ်ခဲ့ပြီး လူပေါင်း ရ,၃၀၀ ကျော် သေဆုံးခဲ့ရသည်။
Image may contain: sky, tree, outdoor and nature
crd-Isee Media #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment