Tuesday, May 12, 2020

ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်းတစ်ထောင်ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: 1 person, sitting and outdoor

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်းတစ်ထောင်ကျော်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁)ဗန်းမော်မှ ရဲအုပ်ခါးလီနှင့်အဖွဲ့နှင့်ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် ညနေ ၃ နာရီခန့်က ရွှေကူမြို့နယ်၊ညောင်ကုန်းကျေးရွာအနီးရှိ ညောင်ကုန်းကျေးရွာနှင့်နှုတ်ချိုကျေးရွာသွား ကားလမ်းမပေါ်၌ သတင်းအရစောင့်ဆိုင်းနေစဉ် နှုတ်ချိုကျေးရွာဘက်သို့ မင်းမင်းစိုးမောင်းနှင်လာသည့် NIKKO အပြာရောင်ဆိုင်ကယ်နှင့်ရုံဟွာ မောင်းနှင်လာသည့် KENBO-125အစိမ်းပုပ်ရောင်ဆိုင်ကယ်တို့အား သတင်းအရ ရပ်တန့်စစ်ဆေးမည်ပြုစဉ် ရုံဟွာ မောင်းနှင်လာသည့် ဆိုင်ကယ်သည် လမ်းဘေးငှက်ပျောခြံအတွင်းသို့ မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးခဲ့ရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးအား စစ်ဆေးရှာဖွေရာမင်းမင်းစိုး မောင်းနှင်လာသည့် ဆိုင်ကယ်ခွကြားရှိအဖြူ ရောင်ဆာလာအိတ်အတွင်းမှ Love is flower ရောင်စုံဆပ်ပြာခွက်(၁၀၉)ခွက်ဖြင့် ထည့်ထားသောစုစုပေါင်းဘိန်းဖြူမှုန့်အလေးချိန်(၁၀၉၀)ဂရမ် (ဒေသပေါက်စျေး ၁၀၉,၀၀၀,၀၀၀ ကျပ်)တွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦး အတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းမင်းစိုး(၁၉)နှစ်၊ကူမဲမြို့၊မြစ်သားမြို့နယ်၊မန္တလေးတိုင်းဒေသကြီးနေထိုင်သူနှင့်ရုံဟွာ(၂၆)နှစ်၊ရပ်ကွက်(၆)၊ကွတ်ခိုင်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းနေသူတို့အား ရွှေကူမြို့မရဲစခန်းက မယ(ပ)၂၄/၂၀၂၀ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Image may contain: food
Image may contain: 1 person, standing
Image may contain: 1 person, child
Ref ; ဗန်းမော်ပွင့်သစ်

0 comments:

Post a Comment