Monday, May 11, 2020

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပန်းခြံ ပစ်ခတ်မှု ငါးဦး ဒဏ်ရာရရှိ

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဗစ်လစ်ဂျ် ခရိခ် (Village Creek) ပန်းခြံမှာ တနင်္ဂနွေနေ့ ညပိုင်းတုန်းက ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်မှာ ဗိုင်းရပ်စ် အသွားအလာပိတ်ပင်ကန့်သတ်မှုတချို့ကို ဖြေ လျှော့ပေးထားပါတယ်။ ဒါကြောင့် ပစ်ခတ် မှု ဖြစ်ပွားချိန်အတွင်း ပန်းခြံထဲမှာ လူ ၆၀၀ လောက် ရှိနေတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ပန်းခြံရဲ့ အလယ်မှာရှိ တဲ့ ဘက်စကက်ဘော ကွင်းထဲမှာ ဗြောက်အိုးဖောက်ခဲ့ကြပြီးတော့ ဗြောက်အိုးသံတွေနဲ့ တစ်ဆက်တည်း သေနတ်သံ အချက် ၃၀ လောက် ကြားလိုက်ရတယ်လို့ ပန်းခြံထဲမှာ ရှိခဲ့သူတွေက ဆိုပါတယ်။
သတင်းရပြီး မနက် ၇ နာရီလောက် ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာတော့ဒဏ်ရာ ရရှိသူ ငါးဦးကို တွေ့ရှိခဲ့တာပါ။ အဲဒီ ငါးဦးမှာ သုံးဦးက အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် နှစ်ဦးက စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဘယ်သူ ပစ်ခတ်ခဲ့တာလဲ၊ ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာကို မသိရသေးပါဘူး။ သံသယရှိသူ ဖမ်းဆီးထိန်းသိမ်းမှု လည်း မရှိသေးပါဘူး။ ဒီအမှုကို ဖော်ထုတ်ဖို့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က အကူအညီပေးနေပြီလို့ ရဲတပ်ဖွဲ့ က အတည်ပြုပါတယ်။
Source ; One News Myanmar

0 comments:

Post a Comment