Sunday, May 10, 2020

ကိုဗစ်လူနာ(၂၁)ဦးကို ဖောင်ကြီးကျန်းမာရေးစင်တာသို့ ပြောင်းရွှေ့

Image may contain: one or more people, car and outdoor
ကိုဗစ်ပိုးတွေ့လူနာ(၂၁)ယောက်ကို သက်ဆိုင်ရာဆေးရုံတွေကနေ ဖောင်ကြီးက ကိုဗစ်ကျန်းမာရေးစင်တာကို ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသော်တာထွေးက ပြောပါတယ်။ 

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က ကိုဗစ်လူနာတွေကို မေ(၈)ရက်ကစပြီး ပြောင်းရွှေ့ ပေးနေတာလို့ဆိုပါတယ်။
“ လိုအပ်ချက်အရေ ပြောင်းရွှေ့ပေးတာလို့ ပြောရမှာပေါ့။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လိုအပ်ချက် အရ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း ပြောင်းရွှေ့ပေးတာပါ”လို့ ဦးသော်တာထွေး ကပြောပါတယ်။ ရန်ကုန်တိုင်း အတွင်းရှိ ဝေဘာဂီဆေးရုံကြီးနဲ့ တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့က ပိုးတွေ့လူနာ(၂၁) ယောက်ကို ဖောင်ကြီးကိုပြောင်းရွှေ့ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကိုဗစ်လူနာတွေကို အရေးပေါ်လူနာတင် ကားတွေနဲ့ ပို့ဆောင်ပေးခဲ့တာပါ။

Ref ; One News Myanmar

0 comments:

Post a Comment