Friday, May 8, 2020

ဒေါ်နယ်ထရမ့်၏ အနီးကပ် ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အိမ်ဖြူတော် ပြောကြား

Image may contain: 1 person

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ်ကိုယ်ရေးကိုယ်တာ ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သိရသည်။

အဆိုပါ အမှုထမ်းများသည် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်လေ့ကျင့်ပေးထားသော အမေရိကန်စစ်တပ်အထူးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် တစ်ခါတစ်ရံ သမ္မတနှင့် သမ္မတ၏မိသားစု အတွက် အလုပ်တာဝန်များကို နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်ပေးကြရသည်ဟု သိရသည်။
“အိမ်ဖြူတော်ဝန်းထဲမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို စစ်ဆေးသိရှိခဲ့ရပါတယ်၊ အဲဒီနောက်ပိုင်း သမ္မတ ထရမ့်နဲ့ ဒုသမ္မတ မိုက်ပန့်စ် တို့လည်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ဗိုင်းရပ်စ် ကင်းရှင်းနေတာကို တွေ့ရှိခဲ့ပါတယ်၊ သူတို့နှစ်ယောက်စလုံး ကျန်းမာရေးက ကောင်းနေပါတယ်” ဟု အိမ်ဖြူတော် ဒုတိယသတင်းပြန်ကြားရေးအရာရှိ Hogan Gidley က ပြောသွားခဲ့သည်။
crd-mizzima #Myanmar_Online_News

>>zawgyi<<
ဒေါ်နယ်ထရမ့်၏ အနီးကပ် ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အိမ်ဖြူတော် ပြောကြား
Friday, May 8, 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အနီးကပ် ကိုယ်ရေးကိုယ်တာ ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သိရသည်။
အဆိုပါ အမှုထမ်းများသည် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ရန် ရည်ရွယ်လေ့ကျင့်ပေးထားသော အမေရိကန်စစ်တပ်အထူးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် တစ်ခါတစ်ရံ သမ္မတနှင့် သမ္မတ၏မိသားစု အတွက် အလုပ်တာဝန်များကို နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်ပေးကြရသည်ဟု သိရသည်။
“အိမ်ဖြူတော်ဝန်းထဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို စစ်ဆေးသိရှိခဲ့ရပါတယ်၊ အဲဒီနောက်ပိုင်း သမ္မတ ထရမ့်နဲ့ ဒုသမ္မတ မိုက်ပန့်စ် တို့လည်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ဗိုင်းရပ်စ် ကင်းရှင်းနေတာကို တွေ့ရှိခဲ့ပါတယ်၊ သူတို့နှစ်ယောက်စလုံး ကျန်းမာရေးက ကောင်းနေပါတယ်” ဟု အိမ်ဖြူတော် ဒုတိယသတင်းပြန်ကြားရေးအရာရှိ Hogan Gidley က ပြောသွားခဲ့သည်။
crd-mizzima #Myanmar_Online_News

0 comments:

Post a Comment