Monday, May 11, 2020

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ဖြစ်ပွားတဲ့မြို့ကို လော့ဒေါင်းအမိန့် ပြန်လည်ထုတ်ပြန်

Image may contain: one or more people, people standing and outdoor

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Jilin ပြည်နယ်မှာရှိတဲ့ Shulan မြို့မှာ တစ်ရက်အတွင်း ကူးစက်မှုအသစ် ၃ ဦးထပ်တွေ့ခဲ့တာကြောင့် ရောဂါဖြစ်ပွားနေခြေ ဗဟိုချက်ဖြစ်လာနိုင်တယ်ဆိုပြီး လော့ခ်ဒေါင်းအမိန့်ကို ပြန်လည်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ Shulan မြို့တော်ဝန် Jin Hua က ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဘေးပတ်ဝန်းကျင်က Liaoning နဲ့ Heilongjiang ဒေသတွေမှာလည်း တစ်ဦးဆီထပ်တွေ့ခဲ့တာ ကြောင့် ကူးစက်မှု ပြန်လည်ဖြစ်ပွားလာတော့မလားဆိုပြီး စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အာဏာပိုင်တွေက လူဦးရေ ၆၀၀,၀၀၀ လောက်ရှိတဲ့ Shulan မြို့ကို လော့ဒေါင်းအမိန့်ထုတ်ပြန်ခဲ့ပြီး အစားအသောက်အတွက် မသွားမဖြစ် အနေနဲ့ တစ်အိမ်ကို တစ်ဦးသာ အပြင်ထွက်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။
အခုလို တွေ့ရှိမှုဟာ ပြင်ပကမဟုတ်ပဲ ဒေသခံကူးစက်မှုမရှိခဲ့တာ ရက်ပေါင်း ၇၀ အကြာမှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
နောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစတင်ခဲ့ရာ ဝူဟန်မြို့မှာလည်း ကူးစက်အတည်ပြုလူနာ ၅ ဦးထပ်မံတွေ့ရှိခဲ့ကြောင်းနဲ့ အားလုံးဟာ စုပေါင်းအဆောက်အုံမှာနေထိုင်ကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။
ဒါဟာ ဝူဟန်မှာ နှစ်ရက်ဆက်တိုက် ကိုဗစ်အတည်ပြုလူနာ ထပ်မံတွေ့ရတာဖြစ်ပြီး ဒီမတိုင်ခင် တစ်လတိတိ ကူးစက်အတည်ပြုလူနာ လုံးဝမတွေ့ခဲ့တဲ့အပြင် ဆေးရုံမှာလည်း လူနာမရှိတော့တာကြောင့် တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ်လုံးဝကင်းစင်သွားပြီဖြစ်ကြောင်း သိပ်မကြာခင်ရက်တွေကပဲ ထုတ်ပြန်ခဲ့ပါသေးတယ်၊
ယနေ့တွေ့ရှိခဲ့တဲ့ ဝူဟန်က အတည်ပြုလူနာအကုန်လုံးဟာ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်တဲ့ မည်သည့်လက္ခဏာမှ ပြသခြင်းမရှိကြသလို စစ်ဆေးမှုကြောင့်သာ ရောဂါကူးစက်ခံထားရသူတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
crd-MyanmarHarp#Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment