Sunday, May 10, 2020

ခရစ်ယာန်ဘာသာတရားဟောသူ စောဒေးဗစ်လားကို ရပ်ကွက်ကလက်မခံသည်မှာ မှန်ကန်ကြောင်းလွှတ်တော်ကိုယ်စားလှယ် အတည်ပြု


ခရစ်ယာန်ဘာသာတရားဟောသူ စောဒေးဗစ်လား ဆေးရုံမှဆင်းခွင့်ရသော်လည်း တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်းနေထိုင်ရာရပ်ကွက်ပြည်သူများကလက်မခံကြကြောင်းတောင်ဥက္ကလာပမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှသိရသည်။

စောဒေးဗစ်လားသည် COVID- 19 ဖြစ်ပွားနေစဉ်ကာလအတွင်းနိုင်ငံတော်မှချမှတ်ထားသောလမ်းညွှန်ချက်ကိုဖောက်ဖျက်ပြီးလူစုလူဝေးဖြင့်ဘာသာရေးပွဲကိုဦးဆောင်ကျင်းပခဲ့ရာမှ၎င်းအပါအဝင်ပွဲတက်ရောက်သူမျာအပြားရောဂါပိုးကူးစက်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းသည်ယခုလ ၇ ရက်ကကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာသဖြင့်ဆေးရုံဆင်းခွင့်ရရှိခဲ့သော်လည်းနှစ်ချုပ်ဖြင့်ဌားရမ်းထားသောတောင်ဥက္ကလာပမြို့နယ်ရှိနေအိမ်၌ Home Quarentine ၂၁ ရက်ဆက်ဝင်ရန်ရပ်ကွက်နေပြည်သူလူထုကလက်မခံသောကြောင့်ဗိုလ်တထောင်မြို့နယ်ရှိ Star City ဟိုတယ်၌ Quarentine ဆက်လက်ထားရှိရခြင်းဖြစ်ကြောင်းတောင်ဥက္ကလာပမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမိုးမြင့်ကပြောသည်။
" သူနေတဲ့တောင်ဥက္ကလာပကိုခေါ်လာဖို့ကပြည်သူလူထုကသိပ်မကြိုက်ကြဘူး၊ စိုးရိမ်ပူပန်မှုနဲ့ကြောက်လန့်မှုတွေရှိနေတယ် "ဟု၎င်းကပြောသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ၎င်းနှင့်ဆက်စပ်သူများအပါအဝင် ဇီဇဝါအိမ်ယာကို Lock down လုပ်ခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့သောကြောင့်စောဒေးဗစ်လားနှင့်ပတ်သတ်ပြီးရပ်ကွက်နေပြည်သူများစိုးရွံ့ထိတ်လန့်မှုများရှိနေခြင်းဖြစ်သည်။
Quarantine ကာလပြည့်ပြီးပါကစောဒေးဗစ်လားကိုနိုင်ငံတော်မှချမှတ်ထားသောလမ်းညွှန်ချက်ဖေါက်ဖျက်မှုဖြင့်မရမ်းကုန်းမြို့နယ်နှင့်အင်းစိန်မြို့နယ်များ၌တရားစွဲဆိုထားသည့်အမှုကိုဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်းဦးမိုးမြင့်ကဆက်ပြောသည်။
စောဒေးဗစ်လားဦးဆောင်သောတရားပွဲမှတဆင့်COVID-19 ရောဂါပိုးကူးစက်သူဦးရေ ၁၀၀ ကျော်ရှိလာပြီး ဆင့်ပွားကူးစက်သူများဆက်လက်ပေါ်ထွက်နေဆဲဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment