Sunday, May 10, 2020

အောင်မင်္ဂလာအဝေးပြေးကွင်းမှ အဝေးပြေးယာဉ်လိုင်းအချို့ပြန်လည်ပြေးဆွဲ

Image may contain: one or more people and outdoor
COVID -19 ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် အဝေး ပြေးယာဉ်လိုင်းများမှာ တစ်လတိတိပြေးဆွဲမှုရပ်ဆိုင်းခဲ့သော်လည်း လက်ရှိတွင် အောင်မင်္ဂလာအဝေးပြေး ကွင်းမှ အဝေးပြေးယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲပေးလျှက်ရှိသည်။

လက်ရှိပြေးဆွဲနေမှုသည် ရန်ကုန်တိုင်းဒေသကြီးမှ နေပြည်တော်၊မော်လ မြိုင်၊မုံရွာနှင့်ဘားအံမြို့များသို့ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးကွင်းရှိ ယာဉ်လိုင်းများအနက် လေးပုံတစ်ပုံသာ ပြေးဆွဲ လျှက်ရှိကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းအုပ်ချုပ်ရေးမှူးက ပြောသည်။
အောင်မင်္ဂလာအဝေးပြေးကွင်းကို COVID-19 ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်အထိပြေးဆွဲမှု ရပ်ဆိုင်းရန် သက်ဆိုင်ရာများမှ ညွန်ကြားခြင်းမရှိဘဲ ပြေးဆွဲပေးလျှက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် ဝင်၊ထွက်မှုများ၌ Quarantine ဝင်ရမည်ဖြစ်သည့်အတွက် ပြေးဆွဲမှုများကို ရပ်ဆိုင်းနေခြင်းဖြစ် သည်။
လက်ရှိ ယာဉ်လိုင်းများပြေးဆွဲနေမှုတွင် ယာဉ်တစ်စီးလျှင် ခရီးသည် ၂၀ မှ ၂၅ ဦးခန့်သာ တင်ဆောင်ပြေး ဆွဲပေးနေပြီး ခရီးသည်တစ်ဦးလျှင်ထိုင်ခုံနှစ်ခုံနှုန်း လက်မှတ်ဝယ်ယူစေခြင်းဖြင့် ပြေးဆွဲပေးနေသည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ညွန်ကြားချက်များအတိုင်း ဝန်ဆောင်မှုပေး ပြေးဆွဲနေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ဆိုသည်။
Image may contain: sky, tree, cloud and outdoor
Image may contain: car, sky and outdoor
Image may contain: one or more people and outdoor
Image may contain: sky and outdoor
Image may contain: sky and outdoor
Image may contain: one or more people, sky and outdoor
Ref ; Mizzima

0 comments:

Post a Comment