Tuesday, May 12, 2020

မလေးရှားအစိုးရမှ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား (၃၉၁) ဦးအား နေရပ်ပြန်ပို့

No photo description available.
မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား (၃၉၁) ဦးအား မလေးရှားအစိုးရ၏ အစီအစဉ်ဖြင့် Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် (၂) စီးနှင့် ပြန်လည်ပို့ဆောင်ခဲ့ရာ မေ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။

လွှဲပြောင်းလက်ခံရယူရာတွင် တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်များ စိစစ်ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့၏ အစီအစဉ်အရ လာရောက်ခေါ်ယူသော မော်တော်ယာဉ် များဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိသည်အထိ ပို့ဆောင်ရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သက်ဆိုင်ရာဒေသများသို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ Community Based Facility Quarantine (၂၁) ရက် ထားရှိနိုင်ရေးကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
Credit: iMyanmarHouse

0 comments:

Post a Comment