Sunday, May 10, 2020

ဗန်မောက်မြို့မှာ ရွှေတွင်းပြိုကျပြီး လူ(၁)ဦးသေဆုံး၊(၇)ဦးဒဏ်ရာရ

Image may contain: tree, sky, outdoor and nature
စစ်ကိုင်းတိုင်း၊ ဗန်မောက်မြို့နယ်၊ ပန်းတောကျေးရွာအနီးမှာတူးဖော်နေတဲ့ ရွှေတွင်းတစ်တွင်းမှာ မနေ့မေလ (၉)ရက်ညပိုင်းက မိုင်းခွဲရာကနေ ရွှေတွင်းပြိုကျတာကြောင့် ရွှေတူးနေတဲ့ လုပ်သား (၁)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗန်မောက်မြို့မရဲစခန်းကနေသိရပါတယ်။

အဲ့ဒီကျေးရွာအနီးမှာ ရွှေတူးဖော်နေတဲ့ တွင်းများစွာရှိပြီး ဦးသားကြီးပိုင်ရွှေတွင်း ကနေ ယမ်းဖောက်ကွဲတဲ့အရှိန်ကြောင့် ဦးလှိုင်ကြီးပိုင် ရွှေတွင်းပြိုကျခဲ့ပြီး ရွှေတွင်းအတွင်း အလုပ်လုပ်နေတဲ့ လုပ်သား ၁၇ ဦးထဲက အသက်(၁၈) နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
“ကျန်တဲ့သူတွေကတော့ ဒဏ်ရာအသီးသီးရတဲ့အတွက် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှု ခံယူလျက်ရှိတယ်”လို့ ဗန်မောက်မြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
အဲ့ဒီဖြစ်စဉ် နဲ့ပတ်သတ်ပြီး တရားမဝင်ယမ်းဖောက်ခွဲပစ္စည်းများအား ပေါ့လျော့စွာအသုံပြုပြီး ရွှေတူးဖော်ခြင်း ၊လူအသက်အန္တရာယ်ထိခိုက်ခြင်းတို့အတွက် ရွှေတွင်းပိုင်ရှင်ဖြစ်သူ ဦးလှိုင်ကြီး ၊ဦးသားကြီး နှင့်ဦးသန့်ဇင်တို့ကို ဗန်မောက်မြို့မရဲစခန်းမှ (ပ)၂၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၈၆နဲ့ အမှုဖွင့်ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
No photo description available.
Image may contain: one or more people, shoes and outdoor
Image may contain: people sitting, outdoor and nature
Ref ; Voice Of Myanmar

0 comments:

Post a Comment