Friday, May 15, 2020

မြန်မာသံရုံး၊ တိုကျိုမြို့၏ မြန်မာနိုင်ငံသားဆိုင်ရာ ဆောင်ရွက်မှုကို အသိပေးခြင်း

၁။ ဂျပန်နိုင်ငံအစိုးရမှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကြောင့် ဂျပန်တစ်နိုင်ငံလုံးအကျုံးဝင်သည့် အရေးပေါ်ကြေညာချက် (STATE OF EMERGENCY) ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပြီး၊ ပြည်သူလူထုများ အနေဖြင့် နေအိမ်အတွင်း နေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားရှိပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် စာတိုက်မှတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်ပါ ကြောင်း အသိပေး ကြေညာထားပြီး ဖြစ်ပါသည်။
၂။ မြန်မာသံရုံး၊ တိုကျိုမြို့ အနေဖြင့် စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားလာသော ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁)ရက်နေ့ မှ မေလ(၁၃)ရက်နေ့ အထိ မြန်မာနိုင်ငံသား (၂၇၄)ဦးအား မြန်မာနိုင်ငံကူး လက်မှတ်အသစ်များနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် လျှောက်ထားသူ(၈)ဦးအား (C of I) ပြန်လည် ထုတ်ပေး ခဲ့ပြီး ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

မြန်မာသံရုံး
တိုကျိုမြို့
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်
Crd : Embassy of the Republic of the Union of Myanmar, Tokyo #Myanmar_Online_News

0 comments:

Post a Comment