Sunday, May 10, 2020

ထရမ့်ရဲ့ဗိုင်းရပ်စ်ဖြေရှင်းမှု ဖရိုဖရဲဆန်နေတယ်လို့ အိုဘားမားပြင်းပြင်းထန်ထန်ဝေဖန်

ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ရဲ့ဖြေရှင်းပုံနဲ့ပတ်သက်ပြီး သမ္မတဟောင်းဘားရက် အိုဘားမားက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

သီးသန့်ညီလာခံအဖြစ် ဖုန်းကနေပြောရာမှာ ထရမ့်ရဲ့ကိုင်တွယ်ဖြေရှင်းပုံဟာ လုံးဝဖရိုဖရဲဆန်တဲ့ရောဂါတစ်ခုလိုပဲလို့ အိုဘားမားကပြောပါတယ်။
သူ့ရဲ့မှတ်ချက်တွေဟာ ဝန်ထမ်းဟောင်းတွေကို သမ္မတလောင်းဂျိုး ဘိုင်ဒန်ရဲ့မဲဆွယ်အဖွဲ့အတွက်အလုပ်လုပ်ကြဖို့ အားပေးရာမှာပြောဆိုခဲ့တာလို့ CNN ကဖော်ပြပါတယ်။
အစိုးရအဖွဲ့အပေါ်ထရမ့်ရဲ့ချဉ်းကပ်မှုဟာ အမေရိကန်ရဲ့ကိုရိုနာဗိုင်းရပ်စ်ကိုတုံ့ပြန်ရာမှာ တစိတ်တပိုင်းအပြစ်တင်စရာဖြစ်ခဲ့တယ်လို့လည်း အိုဘားမားကပြောပါတယ်။
သမ္မတထရမ့်ရဲ့မကြုံစဖူးတုံ့ပြန်မှုကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့အသက်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ အိမ်ဖြူတော်ကတုံံ့ပြန်ပါတယ်။
Ref ; The Fifth Wave News

0 comments:

Post a Comment