Sunday, May 10, 2020

ထပ်တိုးနှစ်ဦးအနက် တစ်ဦးမှာ တစ်လနီးပါးအကြာမှသာ ပိုးတွေ့ခဲ့ခြင်းဖြစ်

No photo description available.
ကိုရိုနာဗိုင်းရပ်စ်ထပ်တိုး လူနာနှစ်ဦးအနက် တစ်ဦးသည် သေဆုံးသွားပြီဖြစ်သည့် လူနာအမှတ် ၈၆နှင့်ထိတွေ့ခဲ့သူဖြစ်ပြီး တစ်လနီးပါးကြာမှသာ ရောဂါပိုးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်တိုးလူနာ နှစ်ဦးဖြစ်သည့် လူနာအမှတ် ၁၇၉နှင့် ၁၈၀တို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း မေလ ၁၀ရက်နေ့ ည၈နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါလူနာနှစ်ဦးအနက် လူနာအမှတ် ၁၈၀သည် ဧပြီလ ၁၈ရက်နေ့တွင်သေဆုံးခဲ့သည့် မရမ်းကုန်းမြို့နယ်နေ လူနာအမှတ် ၈၆နှင့် ထိတွေ့ခဲ့သူဖြစ်ပြီး အသွားအလာကန့်သတ်ထားရှိကာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပြီးနောက် တစ်လ နီးပါးအကြာမှသာ Positive ဖြစ်ကြောင်း ကြေညာခဲ့ရသူဖြစ်သည်။
ထပ်တိုးလူနာအသစ်တစ်ဦးဖြစ်သည့် လူနာအမှတ် ၁၇၉ အသက် ၂၁နှစ်အရွယ် အမျိုးသားသည် အင်းစိန်မြို့နယ်၊ခဝဲခြံ ၂လမ်းတွင် နေထိုင်သူဖြစ်ပြီး လူနာအမှတ် ၁၆၂နှင့် လူနာအမှတ် ၁၇၇ တို့နှင့် ထိတွေ့ခဲ့သည့်အတွက် အသွားအလာကန့်သတ်ကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယင်းအတွက် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၀ဦးရှိလာခဲ့ပြီး အတည်ပြုလူနာဟောင်းများထဲမှ လေးဦးမှာ နှစ်ကြိမ်ဆက်ပိုးမတွေ့သည့် အဖြေရရှိလာခဲ့ရာ ရောဂါပိုးကင်းစင်လာသူ ၇၂ဦးနှင့် ဆေးရုံမှဆင်းခွင့်ရသူ ၅၅ဦးရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Ref ; The Voice

0 comments:

Post a Comment