Friday, May 15, 2020

ဗြိတိန်တွင် ကိုဗစ်ဆက်စပ် ရောင်ရမ်းရောဂါကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၁၀၀ နီးပါး ရောဂါဖြစ်ပွား

Image may contain: 2 people, outdoor

ဗြိတိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်စပ်နေတဲ့ တစ်ကိုယ်လုံး ရောင်ရမ်းတဲ့ ဝေဒနာ ခံစားနေရသူ ကလေး ၇၅ ယောက်က နေ ၁၀၀ ကြားထဲအထိ ရှိလာပြီလို့ တာဝန်ရှိသူတွေက မနေ့က အတည်ပြုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကလေးတွေမှာ ဖြစ်ခဲတဲ့ ရောင်ရမ်းဝေဒနာတွေ ခံစားရတာကို ရင်ဆိုင်ကြုံတွေ့နေကြ ရတာဖြစ်ပါတယ်။ ကလေးတွေမှာ နေရာမျိုးစုံ ရောင်ရမ်းတဲ့ ရောဂါလို့ နာမည်ပေးထားပါတယ်။ အဲဒီရောဂါကြောင့် ဗြိတိန် မှာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးသွားခဲ့ပါပြီ။
ကိုဗစ်-၁၉ နဲ့ ဆက်စပ်ပြီး ကာဝါဆာကီလို့ ခေါ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပွားလေ့ရှိတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ အဲဒီ ရောဂါက အသက် ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ သွေးကြောရောင်ရမ်းတဲ့ ရောဂါပါ။ နှလုံးရောင်ရမ်းတဲ့ ကလေးတွေလည်း တွေ့ထားပါတယ်။
ဒီလို ကလေးတွေမှာ ရောင်ရမ်းလာတာနဲ့ ကိုဗစ်-၁၉ ရောဂါ ဘယ်လို ဆက်စပ်လဲဆိုတာကို သက်သေမပြနိုင်သေးပါဘူး။ ဆေးသိပ္ပံပညာရှင်တချို့ကတော့ ကလေးတွေရဲ့ ခန္ဓာကိုယ်က ကိုရိုနာဗိုင်းရပ်စ်ကို အလွန်အကျူး တုံ့ပြန်ရာကနေ ပေါ် ထွက်လာတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref-One News Myanmar #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment