Sunday, May 10, 2020

မုတ်သုံမဝင်မီ မြန်မာပြည်အလယ်ပိုင်းအပါအဝင် တစ်နိုင်ငံလုံး အပူချိန်ဆက်လက်မြင့်တက်မည်

Image may contain: sky, cloud, twilight, outdoor and nature
မကွေးတိုင်းဒေသကြီးချောက်မြို့နယ်တွင်အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီးလက်ရှိအချိန်ကစပြီးမုတ်သုန်မဝင်မီအထိ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပုံမှန်ထက်အပူချိန်ဆက်လက်မြင့်တက်နေဦးမည်ဟုသိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့်မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်အပူချိန်အမြင့်ဆုံးဖြစ်နေပြီး မကွေးတိုင်းချောက်မြို့ နယ်တွင် မေလ ၈ ရက်ကဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန် ၄၇ဒဿမ၅ ဒီဂရီစင်တီဂရိတ်သည် ၅၂ နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည်ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။
"၂၀၁၀ တုန်းက မြင်းမူမြို့မှာ ၄၇.၁ ံC ဒါပဲရှိခဲ့တယ်။ အခုကစံချိန်တင်တဲ့အနေအထားပေါ့။ကျန်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ပုံမှန်အပူချိန်ထက်ပိုနေဦးမယ်။ချေက်မြို့ကတော့ လက်ရှိမှာအပူဆုံးပဲ"ဟု ဆိုသည်။
ဘင်္ဂလားပင်လယ်အော်တွင် လာမည့်ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သပြီး မေ၁၆ မှမှစတင်ပြီးရက်မြန်မာပြည်တွင် မုတ်သုန်မိုးရွာသွန်းနိုင်ပြီး အပူချိန်များလျော့ပါးနိုင်သည်ဟုခန့်မှန်းထားသည်။
Image may contain: plant, flower, sky, nature and outdoor
Image may contain: sky, cloud, outdoor and nature
Ref ; The Fifth Wave News

0 comments:

Post a Comment