Sunday, May 10, 2020

ဂျပန်နိုင်ငံသည် မေလ ၃၁ ရက်မတိုင်မီ အချို့သောဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေများကို ရုပ်သိမ်းပေးနိုင်ရန်မျှော်လင့်

မေလ ၁၀ ရက်နေ့တွင် ဂျပန်နိုင်ငံစီးပွားရေးဝန်ကြီး Yasutoshi Nishimura မှ အစိုးရအနေဖြင့် မေလ ၃၁ ရက်နေ့မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုလျော့ကျ နေသော စီရင်စု ၃၄ ခုအား အရေးပေါ်အခြေ အနေများကို ရုပ်သိမ်းပေးနိုင်ရန်မျှော်လင့် ကြောင်းပြောကြားခဲ့ပါသည်။

အထူးသဖြင့် အထူးဂရုစိုက်ရမည့်သူများကိုဖယ်ထုတ်ခဲ့ပြီး ကြိုတင်ကာကာကွယ် မှုများကိုပြုလုပ်ခဲ့သည့် အတွက် လတ်တလောတွင် ဗိုင်းရပ်စ်ရောဂါထပ်မံကူးစက်ခံရမှု အသစ်မရှိသည့် စီရင်စု ၃၄ ခုကို အရေးပေါ်အခြေအနေမှ ရုတ်သိမ်းမည်ဖြစ်ကြောင်း ပြည်သူ့အသံလွှင့်ဌာန NHK သတင်းဌာန၏ ဆွေးနွေးမှုတစ်ခုတွင် Nishimura မှ ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံသည် အရေးပေါ်အခြေအနေကို မေလ နောက်ဆုံးအပတ်ထိတိုးချဲ့ခဲ့ သော်လည်း မေလ ၁၄ ရက်နေ့ ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အခြေအနေအားပြန်လည်သုံးသပ်သွားမည်ဖြစ်ပါသည်။
Source - Reuters

0 comments:

Post a Comment