Tuesday, May 12, 2020

ပဲခူး၌ ရွှေဆိုင်တစ်ဆိုင်တွင် နေ့လယ်၁၂နာရီအချိန် မက်စ်အပြာရောင်တပ်ထားသော အမျိုးသားတစ်ဦးမှရဲဒင်းဖြင့်မှန်ခွဲကာ ရွှေထည်များလုယူထွက်ပြေးမှုဖြစ်ပွါး

Image may contain: one or more people and outdoor

ပဲခူးမြို့တွင် ရွှေဆိုင် ကောင်တာ မှန်ပုံးကိုရဲဒင်းဖြင့် ထုခွဲကာ ရွှေထည်များ လုယူထွက်ပြေးသွားသည်ဆိုသူကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မေ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

မေ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင် လုယူခံရကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ မြို့တွင်းကြီးရပ်ကွက် သနပ်ပင်လမ်းမရှိ အခင်းဖြစ် ရွှေဆိုင်ရှေ့သို့ Marks တပ်ဆင်ထားသည့် လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး "ဆိုင်ဘယ်အချိန်ပိတ်သလဲ အသိတစ်ယောက်မေးခိုင်းလို့ လာမေးတာ"ဟု ပြောဆိုမေးမြန်းခဲ့သည်။
ဆိုင်တွင်ရှိနေသူ အမျိုးသမီးက မွန်းလွဲ ၂ နာရီခွဲ ခန့်အထိ အရောင်းအဝယ်ပြုလုပ်ပြီး ၃ နာရီတွင်ဆိုင်ပိတ်ကြောင်း ပြန်လည်ပြောဆိုစဉ် အဆိုပါလူငယ်အမျိုးသားက အင်္ကျီတွင်းထည့်လာသည့်ရဲဒင်းဖြင့် ရွှေဆိုင်မှန်ပုံးကို ထုခွဲကာ အတွင်းမှ ရွှေထည်များကို နှိုက်ယူ၍ ဆိုင်ရှေ့စက်နှိုးရပ်ထားသည့် ဆိုင်ကယ်ပေါ်သို့ တက်ကာ မောင်းနှင်ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ဆိုင်တွင်ရှိနေသူ အမျိုးသမီးက ဝင်ရောက်လုံးထွေးခဲ့သဖြင့် ရွှေဆွဲကြိုး အနည်းငယ်သာပါသွားပြီး ရွှေထည်ပစ္စည်းအချို့ ပြန့်ကျဲကျန်ရစ်ခဲ့ကာ အဆိုပါလုယက်သူ၏ လက်တွင် မှန်ကွဲစထိရှ၍ သွေးထွက်ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါ လုယက်မှုဖြစ်စဉ်ကြောင့် ကာလတန်ဖိုး(၂၈၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ သံကြိုးပုံ၊ အလေးချိန်(၁)မတ်သားရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန်ဖိုး(၃၂၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ ဆွဲသီးပါဖက်ထုပ်ကြိုး၊ အလေးချိန်(၄)ပဲ (၅)ရွေးရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန်ဖိုး(၃၅၀၀၀၀)ကျပ်ရှိ စတောလုံးကြီး၊ အလေးချိန်(၅)ပဲရှိ ရွှေဆွဲကြိုး(၁)ကုံး၊ စုစုပေါင်းကာလတန်ဖိုး(၉၅၀၀၀ဝိ/-)ကျပ်တန်ဖိုးရှိရွှေဆွဲကြိုး၃ကုံးအား လုယူထွက်ပြေး သွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။
စုစုပေါင်းကာလတန်ဖိုး(၉၅ဝဝဝဝိ/-)ရှိ ရွှေဆွဲကြိုး(၃)ကုံးအားဆိုင်တွင်းဝင်ရောက်၍ မှန်ဘီဒိုအားရိုက်ခွဲကာ လုယူထွက်ပြေးသွားသူ(စုံစမ်းဆဲ)အား ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒေါ်စိန်စီဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်(ပ)၈၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကာတရားခံအား ဖမ်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပဲခူးမြို့မရဲစခန်းမှသိရှိရသည်။
Image may contain: people sitting and shoes
Image may contain: 1 person
Image may contain: 1 person
Image may contain: 3 people, people sitting
Photo : သန်းဝင်းနိုင်(ပဲခူး)
Crd : Myanmar Times

0 comments:

Post a Comment