Thursday, May 7, 2020

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: car, text that says 'လော်ညီး နှင့် သက်သေခံပစ္စည်းများ'

တာချီလိတ်မြို့နယ် တာချီလတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် သွားကားလမ်းတွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ ၁၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် သွားကားလမ်း တွင် မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မိုင်းဆတ်မြို့နယ်၊ နမ့်ခမ်း(ခ)နာခါး(အောက်)ကျေးရွာ နေသူများဖြစ်သည့် လီဗု ၂၁ နှစ်မောင်းနှင်ပြီး လော်ညီး ၂၂ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသောဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

>>zawgyi<<
တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
Friday, May 8, 2020

တာချီလိတ်မြို့နယ် တာချီလတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် သွားကားလမ်းတွင် ငွေကျပ် ၃၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ ၁၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် သွားကားလမ်း တွင် မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မိုင်းဆတ်မြို့နယ်၊ နမ့်ခမ်း(ခ)နာခါး(အောက်)ကျေးရွာ နေသူများဖြစ်သည့် လီဗု ၂၁ နှစ်မောင်းနှင်ပြီး လော်ညီး ၂၂ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသောဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment