Thursday, May 14, 2020

တောင်သူလယ်သမားဦးကြီးများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ မေလ (၁၅)ရက်မှ စပြီး ထုတ်ပေးမည်ဖြစ်ကြောင်း သိရ

Image may contain: text
တောင်သူလယ်သမားဦးကြီးများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ(၁၅)ရက်ကစပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲ တွေမှာ ထုတ်ချေးပေးသွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။

ချေးငွေထုတ်ချေးရာမှာ တစ်ဧကကို ကျပ်တစ်သိန်းခွဲနှုန်း ထုတ်ချေးသွားမှာ ဖြစ်ပြီး တောင်သူတွေ အနေနဲ့ ချေးငွေအတိုးနှုန်းသက်သာစေဖို့ ပြီးခဲ့တဲ့နှစ်က ချေးငွေအတိုးနှုန်း (၈)ရာခိုင်နှုန်းအစား (၅)ရာခိုင်နှုန်း သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ချေးငွေဟောင်း ဆပ်ပြီးသူတွေကိုပဲ ချေးငွေသစ် ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကြေညာချက်မှာ ချေးငွေဟောင်း ဆပ်ပြီးသူတွေပဲ ပြန်ချေးမယ်လို ပါဝင်တာကြောင့် တောင်သူတွေအနေနဲ့ အခု ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေ ဆပ်ဖို့ ငွေရှာရတာ ခက်ခဲနေတယ် လို့လည်း ဦးသိန်းအောင်က ပြောပါတယ်။ Covid 19 ကာလဖြစ်တဲ့ အတွက် ချေးငွေဆပ်တဲ့ တောင်သူတွေ အဆင်ပြေဖို့ ချေးငွေပေးဆပ်တာကို (၂၀၂၀ခု)နှစ် မေလကုန်အထိ တိုးမြှင့်လက်ခံသွားမှာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ မေလကုန်မှာ ချေးငွေ ဆပ်တဲ့ တောင်သူတွေကိုလည်း ဒဏ်တိုး ကောက်ခံတာ ကနေ ကင်းလွတ်ခွင့် ပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment