Friday, May 15, 2020

ရာသီဥတု ပူလို့ ရေစင်ပေါ်တက်အိပ်ရာမှ လူတစ်ဦး ပြုတ်ကျသေဆုံး

Image may contain: one or more people, tree and outdoor

ပူအိုက်သဖြင့် အဆောင်နောက်ဖက်ရှိ ရေစင်ခေါင်မိုးပေါ်တွင် တက်အိပ်ရာမှ နောက်ဖေးလမ်းကြား Service ကန်ပေါ်သို့ လူတစ်ဦးပြုတ်ကျသေဆုံးမှု မေလ(၁၅) ရက်မနက် (၁:၄၅) နာရီက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ဗိုလ်လင်းယုန်လမ်း၊ အမှတ် (၉၄၀) အဆောင်နေ ဦးအောင်ကျော်မိုး (အသက် ၄၂ နှစ်)သည် ရေစင်ခေါင်းမိုးပေါ်တက်အိပ်ရာမှ အိပ်ပျော်နေစဉ် ပြုတ်ကျသေဆုံးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး နံနက် (၃:၁၅) အချိန်တွင် သွေးပရဟိတကားဖြင့် ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
Ref-Health Care #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment